ဇန်န၀ါရီ ၂၃၊ ၂၀၁၆
M-Media
– မန်ယူမှာ ပရီးမီးယားလိဂ်ဖလားအား ရယူနိုင်သေးသည်ဟု နည်းပြဗန်ဂါးလ်က ပြောကြားလိုက်ပြီး ခါးသီးသော ပြိုင်ဘက်များဖြစ်သည့် အာဆင်နယ်နှင့် မန်စီးတီးထက် ပိုကောင်းသည့် ရလဒ်ရရှိရန် ခက်ခဲသည်ဟု ၀န်ခံခဲ့သည်။
ပြီးခဲ့သည့်တစ်ပတ်က လီဗာပူးလ်အား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် မန်ယူမှာ ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၇ မှတ် ကွာဟနေပြီး အဆင့် ၅ နေရာတွင်ရှိနေသည်။ ယခုနှစ်အတွင်း ပြိုင်ပွဲအားလုံးတွင်ကစားခဲ့သည့် ၄ ပွဲတွင် ၃ ပွဲအနိုင်ရထားက တစ်ပွဲသရေကျထားသောကြောင့် ဖိအားများလျော့နည်းခဲ့သည့် ဗန်ဂါးလ်ကမူ ၎င်း၏ အသင်းမှာ ပရီးမီးယားလိဂ်ဖလားအတွက် ဆက်လက် တိုက်ပွဲဝင်နေသည်ဟု ဖွင့်ဟခဲ့သည်။
“ကျွန်တော်တို့အတွက် အခက်အခဲက ကျွန်တော်တို့အထက်မှာ ၄ သင်း ရှိနေတာပါပဲ။ ဒါ့ကြောင့် ရလဒ်ပိုင်းမှာ အဲဒီ ၄ သင်းကို ကျွန်တော်တို့ ကျော်နိုင်အောင်လုပ်ရမယ်။ ဒါဟာ ခက်ခဲပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါကိုပဲ ကျွန်တော်ပြောခဲ့တာပါ။ အရမ်းကို ခက်ခဲနေတုန်းဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာမကဘဲ အခြားလိဂ်တွေမှာလည်း ကျွန်တော်တို့ ဒါမျိုးတွေ တွေ့ခဲ့ပြီးပါပြီ။ ဒ့ါကြောင့် ဒါက ဖြစ်နိုင်ပါတယ်။ ယုံကြည်ဖို့ပဲလိုတာပါ” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
Ref: Goal
Comments