6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၂၉၊ ၂၀၁၆
M-Media

iran

– မကြာခင်ကမှ ရုရှားနဲ့ပြုလုပ်ခဲ့တဲ့ နျူကလီးယားလောင်စာ လဲလှယ်ခြင်းဟာ အင်မတန်အကျိုးအမြတ်ဖြစ်ထွန်းခဲ့တယ်လို့ အီရန် အနုမြူစွမ်းအင်အဖွဲ့ (AEOI) ဥက္ကဌ အလီအက္ကဘာ ဆာလေဟီက ပြောဆိုလိုက်ပါတယ်။

အဲဒီလိုလဲလှယ်မှုကနေတစ်ဆင့် ယူရေနီယံသန့်စင်မှုအတွက် အီရန်နိုင်ငံဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရရှိနိုင်ပြီး၊ သန့်စင်ပြီးသား ယူရေနီယံတွေကိုလည်း နိုင်ငံတကာဈေးကွက်ကို တင်ပို့နိုင်မှာဖြစ်တယ်လို့ ဆာလေဟီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

အီရန်ဟာ သန့်စင်ထားတဲ့ ယူရေနီယံ ၁၁ တန်ကို ရုရှားထံတင်ပို့ခဲ့ကာ မသန့်စင်ရသေးတဲ့ ယူရေနီယံ တန် ၂၂၀ ကို ရုရှားထံကနေ ပြန်လည်ရရှိခဲ့တယ်လို့ AEOI က ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ကြေငြာခဲ့ပါတယ်။ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံအကြား သမိုင်းဝင် နျူကလီးယား သဘောတူညီမှုတစ်ရပ် ရရှိပြီးတဲ့နောက် ယခုအလဲအလှယ်ဟာ အီရန်ရဲ့ အဓိကခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။

အဲဒီသဘောတူညီချက်အရ အီရန်နိုင်ငံမှာရှိနေတဲ့ သန့်စင်ပြီးသား ယူရေနီယံတွေ လျော့ချဖို့အတွက် ရွေးချယ်စရာ ၃ ခုရှိခဲ့တယ်လို့ ဆာလေဟီက ပြောကြားခဲ့ပါတယ်။

“ပထမတစ်ခုက ယူရေနီယံကို အားပျော့အောင်လုပ်ရမယ်။ ဒါက အဓိပ္ပါယ်မရှိပါဘူး။ ဒုတိယတစ်ခုက ရောင်းပစ်ရမယ်။ နောက်ဆုံး ရွေးချယ်စရာတစ်ခုကတော့ Bushehr နျူဓာတ်အားပေးစက်ရုံက လိုအပ်တဲ့လောင်စာတွေအဖြစ် ပြောင်းလဲပစ်ရပါမယ်”

Bushehr ဟာ လက်ရှိလည်ပတ်နေတဲ့ အီရန်ရဲ့ ပထမဆုံး နျူဓာတ်အားပေးစက်ရုံ ဖြစ်ပါတယ်။ အဲဒီစက်ရုံအတွက် နျူ လောင်စာထားရှိတဲ့ စက်ရုံတစ်ခုတည်ဆောက်ဖို့ အီရန်နိုင်ငံက စီစဉ်နေပြီး ၂ နှစ်လောက် ကြာမြင့်မှာဖြစ်ပါတယ်။

အီရန်နိုင်ငံရဲ့ နျူကလီးယားကဏ္ဍမှာ နိုင်ငံတော်တော်များများက ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိနေကြပြီး အီရန်နဲ့ စပိန်နိုင်ငံတို့အကြား နျူပူးပေါင်းဆောင်ရွက်ရေး ဆောင်ရွက်ဖို့ ရှိနေတယ်လို့လည်း အီရန်အာဏာပိုင်တွေက ပြောကြားထားပါတယ်။

Ref; presstv

Leave a Reply