6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၊ ၂၀၁၆
M-Media

leave

– နိုက်ထရိတ်အရင်းအမြစ်ကောင်းတစ်ခုဖြစ်သည့် အစိမ်းရောင်ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးသူများအနေဖြင့် အမြင်အာရုံချို့ယွင်းမှုအန္တရာယ် သိသိသာသာလျော့ကျစေတယ်လို့ အမေရိကန် လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသား ၁၀၀,၀၀၀ ကျော်ကို ရေရှည်လေ့လာကြည့်တဲ့အခါ နိုက်ထရိတ်များများရတဲ့ ဟင်းနုနွယ်နဲ့ ကိုက်လန်လို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားသုံးသူတွေက အသက် ၆၀၊ ၇၀ နားရောက်တဲ့အခါ နိုက်ထရိတ်ပါဝင်မှုနည်းတဲ့ အစားအစာ စားသုံးသူတွေထက် အမြင်အာရုံချို့ယွင်းနိုင်ခြေ ၂၁ ရာခိုင်နှုန်းလောက် နည်းသွားတာကို တွေ့ရှိရပါတယ်။

အမေရိကန်လူဦးရေ ၁ ရာခိုင်နှုန်းလောက် ဖြစ်လေ့ဖြစ်ထရှိတဲ့ မျက်စိမှုန်ဝါးတဲ့ရောဂါဟာ မျက်လုံးမှာ အရည်အိတ်တွေ ဖြစ်ပေါ်လာခြင်းနဲ့ အမြင်အာရုံ နာဗ့်ကြောတွေ ပျက်စီးလာခြင်းကြောင့်ဖြစ်ပြီး အသက်ကြီးပိုင်းတွေမှာ အမြင်အာရုံဆုံးရှုံးရမှုအထိ ဖြစ်ပွားနိုင်ပါတယ်။

“အမြင်အာရုံ သွေးလည်ပတ်မှုကို ထိန်းသိမ်းထားနိုင်ဖို့အတွက် နိုက်ထရစ်အောက်ဆိုဒ်ရဲ့ အသုံးဝင်မှုက အင်မတန်အရေးကြီးပါတယ်၊ တစ်ချို့ သက်သေအထောက်အထားတွေအရ မျက်လုံးရဲ့ဖိအား နည်းအောင်လို့ ထိန်းသိမ်းရာမှာလည်း အဲဒီ ဒြပ်ပေါင်းက အရေးပါတယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်” ဟု ဘော်စတွန်မြို့ရှိ ဟားဗတ်ဆေးတက္ကသိုလ်က သုတေသီ ဂျေး အိတ်ခ်ျ ကန်က ဆိုပါတယ်။

သုတေသီတွေက ၁၉၈၄ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ သူနာပြုများအဖွဲ့ရဲ့ လေ့လာမှုအတွင်း ပါဝင်ခဲ့တဲ့ အမျိုးသမီး ၆၃၀၀၀ ကျော်ရဲ့ အချက်အလက်တွေနဲ့ ၁၉၈၆ မှ ၂၀၁၂ နှစ်အထိ ဆရာဝန်များက ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ ပါဝင်ခဲ့တဲ့ အမျိုးသား ၄၁၀၀၀ ကျော်ရဲ့ အချက်အလက်အတွေကို အသုံးပြုပြီး ဆန်းစစ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီစမ်းသပ်မှုတွေမှာ ပါဝင်ခဲ့ကြတဲ့သူတွေဟာ အသက် ၄၀ ကျော်အရွယ်တွေဖြစ်ပြီး အမြင်အာရုံ မှုံဝါးချွတ်ယွင်းမှု မရှိကြသေးပါဘူး။ ၎င်းတို့ကို ပုံမှန် မျက်စိကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပြီး ၎င်းတို့နေ့စဉ် စားသုံးနေကြတဲ့ အစားအစာတွေမှာ ကိုက်လန်၊ မုန်ညင်း၊ ဂေါ်ဖီစိမ်းစတဲ့ အစိမ်းရောင်အသီးအနှံ ဘယ်လောက်ပါဝင်လဲဆိုတာကိုလည်း လေ့လာခဲ့ကြပါတယ်။

အဲဒီဆန်းစစ်မှုအတွင်းမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက် အများဆုံးစားသုံးကြတဲ့ လူတွေဟာ အစိမ်းရောင်အရွက် အစားနည်းတဲ့သူတွေထက် အမြင်အာရုံချို့ယွင်းမှု ၁၈ ရာခိုင်နှုန်းလောက် အဖြစ်နည်းတာကို တွေ့ရပါတယ်။ သွေးလှည့်ပတ်စီးဆင်းမှုနဲ့ ဆက်စပ်နေတဲ့ အခြားအမြင်ဆိုင်ရာရောဂါတွေမှာတော့ ၄၈ ရာခိုင်နှုန်းလောက် ဖြစ်နိုင်ချေ နည်းသွားတာကို တွေ့ရှိရပါတယ်။

Ref: Channelnewsasia

Leave a Reply