ဖေဖော်ဝါရီ ၆၊ ၂၀၁၆
M-Media
– ယခုလအတွင်း ပြုလုပ်မည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဌ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ဘာရိန်းမှ ရှိခ် ဆလ်မန် ဘင် အီဘရာဟင် အလ်-ခလီဖာကို အာဖရိကဘောလုံးအဖွဲ့ချုပ် CAF က ယမန်နေ့တွင် ထောက်ခံခဲ့သည်ဟု သိရသည်။
ထို့ကြောင့် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ခါလီဖာမှာ ဖီဖာဥက္ကဌအဖြစ် အရွေးခံမည့် ၅ ဦးတွင် ဆွစ်ဇာလန်နိုင်ငံမှ ဂီယန်နီ အင်ဖန်တီနိုနှင့်အတူ ပြတ်ပြတ်သားသား ရေပန်းစားလာခဲ့ပြီဖြစ်သည်။ အဖွဲ့ဝင် ၅၄ နိုင်ငံပါဝင်သော CAF ကမူ ခါလီဖာမှာ မိမိတို့၏ နှစ်သက်သည့် ကိုယ်စားလှယ်လောင်းဖြစ်သည်ဟု ကြေငြာခဲ့ခြင်းဖြစ်သည်။
“CAF ဟာ ရှိခ်ဆလ်မန် ဘင် အီဘရာဟင် အလ် ခါလီဖာရဲ့ ဖီဖာဥက္ကဌရာထူးအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်မှုကို အပြည့်အ၀ ထောက်ခံပါတယ်” ဟု CAF ဒုတိယဥက္ကဌ ဆူကေတူ ပါတဲလ်က ပြောကြားခဲ့သည်။
အလ်-ခါလီဖာမှာ အာရှဘောလုံးအဖွဲ့ချုပ်၏ ထောက်ခံမှုကိုလည်း ရရှိထားပြီး၊ ယူအီးအက်ဖ် အထွေထွေအတွင်းရေးမှူး အင်ဖန်တီနိုကမူ ယူအီးအက်ဖ်အေနှင့် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်တို့၏ ထောက်ခံမှုကို ရရှိထားသည်။ အာဖရိကဘောလုံးအဖွဲ့ချုပ်၏ ဆလ်မန်အပေါ် ထောက်ခံမှုမှာ ဖီဖာဥက္ကဌလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် တောင်အာဖရိကမှ ကိုစားလှယ်လောင်း တိုကျို ဆက်ဇ်ဝဲလ်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။ ဖီဖာဥက္ကဌ ရွေးချယ်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။
Ref: Channelnewsasia
Comments