6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆

M-Media
thiri

သီရိလင်္ကာ၏ အကြီးဆုံးမြေမြှုပ်မိုင်းကွင်းပြင်ကြီးတွင် နေပူကျဲတဲအောက် မိုင်းရှင်းလုပ်ငန်းလုပ်ဆောင်နေသူတစ်ဦး

– တမီလ်လွတ်မြောက်ရေးကျားတပ်ဖွဲ့ LTTE – Liberation Tigers of Tamil Eelam နှင့် သီရိလင်္ကာတပ်မတော် SLA – Sri Lankan Army တို့အကြား ဖြစ်ပွားသော သီရိလင်္ကာနိုင်ငံ၏ ၂၆ နှစ်ကြာ ပြည်တွင်းစစ်ပွဲကြောင့် လူပေါင်းသိန်းချီ အိုးအိမ်နေရပ်စွန့်ခဲ့ကြရသည်။

သီရိလင်္ကာ၏လူများစုသည် ဆင်ဟာလီ ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ တမီလ်ကျားသူပုန်အဖွဲ့မှာ လူနည်းစုဝင် ဟိန္ဒူတမီလ်များအတွက် ကိုယ်ပိုင်နယ်မြေ ခွဲထွက်တည်ထောင်ရန် ကြိုးစားရာမှ အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ် ဖြစ်လာခဲ့သည်။ ထိုအဖွဲ့သည် အသေခံဗုံးခွဲသည့်လုပ်ရပ်ဖြင့် ပထမဦးဆုံး ကျော်ကြားပြီး၊ တမီလ်နှင့်ဟိန္ဒူ နှစ်ဖက်လုံးမှ ထင်ရှားသောခေါင်းဆောင်များကို လုပ်ကြံခဲ့သည့်အပြင် ကလေးစစ်သားအများအပြားကို မွေးထုတ်ပေးခဲ့ကြသည်။

ကိုယ်ပိုင်လေယာဉ်များပိုင်ဆိုင်ခြင်း၊ ရေငုပ်သင်္ဘောများတည်ဆောက်ခြင်း၊ စက်ရုံတည်၍စစ်လက်နက်များထုတ်လုပ်ခြင်းတို့ဖြင့် ခေတ်သစ်ကမ္ဘာတွင် အင်အားအကောင်းဆုံးနှင့် စည်းကမ်းအတင်းကြပ်ဆုံးအဖွဲ့အစည်းဖြစ်ခဲ့ကြောင်း HALO Trust အပြည်ပြည်ဆိုင်ရာ မိုင်းများ ရှင်းလင်းရေးအေဂျင်စီ၏ ပရိုဂရမ်မန်နေဂျာ Damian O’Brien က ဆိုသည်။

၎င်းကျားသူပုန်တို့က နိုင်ငံ၏ မြောက်ပိုင်း Kilinochchi ခရိုင်ရှိ Muhamalai ဒေသတွင် ကိုယ်ပိုင်ကာကွယ်ရေးအတွက် ၁၂ စတုရန်းကီလိုမီတာအထိ ကျယ်ပြန့်သော မြေမြှုပ်မိုင်းကွင်းကို ပြုလုပ်ခဲ့ကြသည်။ ယင်းဒေသနှင့် Nagar Kovil ဒေသနှစ်ခု၌ ၂၀၀၀-၂၀၀၉ ခုနှစ်ကာလအတွင်း စစ်ပွဲတစ်လျှောက် အပြင်းထန်ဆုံးတိုက်ပွဲများဖြစ်ပွားခဲ့ကြသည်။ စစ်တပ်နှစ်ဖက်စလုံးက ယင်းနေရာများကို ရှေ့တန်းကာကွယ်ရေးစည်းအဖြစ် သတ်မှတ်ကြ၍ ဖြစ်သည်။ မြေမြှုပ်မိုင်းကြောမှာ Muhamalai နယ်အတွင်းမှ Jaffna isthmus နယ်ဖျားနှင့် Nagar Kovil တံငါရွာဟောင်းကို ဖြတ်သန်းပြီး နိုင်ငံအရှေ့ဖက် အိန္ဒိယသမုဒ္ဒရာကမ်းခြေရောက်သည်အထိ ရှည်လျားလှသည်။ ၎င်းဒေသများရှိ တောတောင်၊ ကျောက်ဆောင်၊ ရေပြင်မြေပြင်အနှံ့ ယနေ့ထက်တိုင် မပေါက်ကွဲသေးသော မိုင်းများ၊ ဗုံးများ ဖုံးကွယ်တည်ရှိနေဆဲဖြစ်သည်။ HALO အဖွဲ့၏ အကြီးတန်းကွင်းဆင်းအရာရှိက မိုင်းရှင်းလင်းရေးအတွက် နေ့စဉ် ၁၀ ကြိမ်ခန့် မိမိထံ ဆက်သွယ်အကူအညီတောင်းဆိုလျက်ရှိကြောင်း ပြောပြသည်။

အစိုးရအဖွဲ့၏ National Min Action Centre – NMAC မှစာရင်းဇယားများအရ မိုင်းများ၊ ပေါက်ကွဲနိုင်သည့်ဗုံးလက်နက်များ အစရှိသည်တို့မှာ နိုင်ငံအနှံ့တွင် ၁.၃ မှ ၁.၅ သန်းအထိ အရေအတွက်အားဖြင့် ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး၊ ၎င်းတို့အနက် မိုင်းပမာဏ ၆ သိန်းကျော်ကို ပြန်လည်ရှာဖွေရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း DASH မိုင်းရှင်းလင်းရေးအေဂျင်စီထံမှ သိရှိရ၏။ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲပစ္စည်းများစောင့်ကြည့်ရေးအဖွဲ့၏အဆိုအရ မိုင်းရှင်းလင်းရေး၌ ထိခိုက်ဒဏ်ရာရသူများမှာ ၂၀၁၃ ခုနှစ်နှစ်ကုန်ပိုင်းအထိ SLA နှင့် LTTE တပ်ဖွဲ့ဝင်ဟောင်းများ၊ အရပ်သားများအပါအ၀င် လူပေါင်း ၂၂၁၅၀ ဦး ရှိခဲ့ပြီဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် မိုင်းဒဏ်သင့်၍ နောက်ထပ်အသက်ဆုံးရှုံးရသူ ၂၂ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၆ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၆ ဦး ရှိခဲ့သည်ဟု UNICEF ၏ နောက်ဆုံးစာရင်းဇယားက ဖော်ပြထားသည်။

ပြည်မခရိုင်ရှိ Kandy နှင့် မြောက်ပိုင်းရှိ Jaffna အား Muhamalai ကို ဖြတ်သန်းဆက်သွယ်ထားသော ရထားလမ်းကြောကို တစ်ဖက်တစ်ချက် မီတာ ၃၀၀ အကျယ်အ၀န်းအထိ HALO Trust မှ မိုင်းရှင်းလင်းဖယ်ရှားပြီးသည့်နောက် ၂၀၁၃ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ အဆိုပါ မိုင်းကွင်းကြီး၏ ငါးရာခိုင်နှုန်းမျှသာရှိသော ယင်းလမ်းပိုင်းမှာပင် မိုင်းဗုံးများ ၈၀၀၀ အထိ တွေ့ရှိခဲ့ရသည်။

စစ်ပွဲကာလအတွင်း စစ်တပ်အသုံးပြုသည့်မိုင်းများမှာ ပါကစ္စတန်၊ တရုတ် စသည့် ပြည်ပနိုင်ငံများမှ တင်သွင်းခြင်းဖြစ်သည်။ တမီလ်ကျားအဖွဲ့၏မိုင်းများမှာ ကိုယ်တိုင်တီထွင်မှုများဖြစ်သော်လည်း ရံဖန်ရံခါ နည်းပညာမြင့်မားသော ထုတ်ကုန်များဖြစ်နေသည်ကို တွေ့ကြရ၏။ မိုင်းဗုံးအရေအတွက် မည်မျှအထိ ဆင်ယင်အသုံးပြုခဲ့ကြသည့်အပေါ် မည်သူမျှ တိတိကျကျ မပြောနိုင်ကြ။ LTTE အဖွဲ့သည် ဝေဟင်ဗုံးများကဲ့သို့ နည်းပညာမြင့်လက်နက်များအထိ ထုတ်နိုင်အောင် ကြိုးစားမှုရှိခဲ့ကြောင်း O’Brien က ပြောကြားသည်။ ထို့အဖွဲ့က မိုင်းရှင်းလင်းရေးအေဂျင်စီများကို မည်သည့်မှတ်တမ်းမျှ မပေးခဲ့ကြောင်း၊ ပေးရန်မှတ်တမ်း မရှိ၍လည်းဖြစ်နိုင်ကြောင်း Chandrasiri ကဆိုသည်။

NMAC ပြုစုရေးသားချက်မှတဆင့် DASH ၏မှတ်တမ်းများ၌ အန္တရာယ်ဖြစ်စေနိုင်သော မိုင်းများ ခန့်မှန်းခြေ ၁၅၆ သန်း ရှိသည့်အနက် ၈၈ သန်းခန့် ရှင်းလင်းနိုင်ခဲ့ပြီး ၆၄ သန်းကျော် ကျန်ရှိနေသေးသည်ဟု ဖွင့်ချဖော်ပြထားသည်။

မိုင်းရှင်းလုပ်သားများသည် သီရိလင်္ကာမြောက်ပိုင်း အပူချိန် ၂၈ ဒီဂရီဆဲလ်ဆီးယပ်စ်အောက်တွင် ထူထဲသောဘောင်းဘီ၊ ရှပ်လက်ရှည်၊ လက်အိပ်၊ ဘွတ်ဖိနပ်ရှည်၊ သတ်မှတ်ယူနီဖောင်းအကာအကွယ်ဝတ်စုံတို့ဖြင့် ချွေးသံရွှဲနစ်နေသည်အထိ ရှင်းလင်းရေးလုပ်ငန်းများကို မငြီးမငြူ ဆောင်ရွက်နေကြသည်။ လစဉ်လတိုင်း အနည်းဆုံးနှစ်ဦးမျှ မြွေ၊ ကင်း ကိုက်သည့်ဒဏ်ရာဖြင့် ဆေးခန်းသို့ ပို့နေကြရ၏။ “ဒါဟာ ကျွန်မတို့လုပ်ပေးနိုင်တဲ့ အားလုံးအတွက် ကာကွယ်ရေးပါ” ဟု မိုင်းရှင်းလင်းရေးဝန်ထမ်းတစ်ဦးဖြစ်သူ ဂုဏမာလာ က ဆိုပါသည်။ ကလေးငယ်သုံးဦးမိခင် ဂုဏမာလာ၏ခင်ပွန်းမှာ ၁၃ နှစ်ကြာအိပ်ယာထဲလှဲနေရသည့် နာတာရှည်အသည်းရောဂါဝေဒနာရှင်ဖြစ်သည်။

LTTE သည် အမျိုးသမီးစစ်သည်မွေးခြင်း၌ ကျော်ကြားခဲ့၏။ ယခုသော် ၎င်း၏ အမျိုးသား၊ အမျိုးသမီးတပ်ဖွဲ့ဟောင်းတို့မှာ မိုင်းရှင်းလင်းရေးအေဂျင်စီများ၏ အဖွဲ့အသီးသီး၌ တာဝန်ထမ်းဆောင်နေကြလေပြီ။ မိုင်းရှင်းလင်းရေးအမျိုးသမီးဝန်ထမ်းတို့၏ဘ၀မှာ ရပ်တည်မှုအရရော လုံခြုံမှုအရပါ ခက်ခဲကြမ်းတမ်းလှသည်။ ဂုဏမာလာက သူမသည် နေ့စဉ် နံနက် ၂ နာရီကတည်းက အိပ်ရာထ၍ ချက်ပြုတ်ခြင်းနှင့် အိမ်သန့်ရှင်းများ ပြုလုပ်ပြီး အလုပ်ထွက်လုပ်ကာ နေ့လည်ခင်းတွင်လည်း ပြန်လာ၍ ယင်းသို့ပြုလုပ်ရကြောင်း၊ ကြပ်တည်းဆင်းရဲသော်လည်း ၎င်းဝင်ငွေကိုပင် မှီခိုနေရကြောင်း၊ ယခင်မျိုးဆက်အမျိုးသမီးများမှာ အိမ်တွင်းမှုနှင့် ကလေးပြုစုပျိုးထောင်ရေးကိုသာ ပြုလုပ်ရသော်လည်း ယခုခေတ်အမျိုးသမီးများမှာမူ အရာရာတိုင်းကို တာဝန်ယူရဖွယ်ရှိနေကြောင်း ပြောပြသည်။

ပြည်တွင်းစစ်မီးပြီးဆုံး၍ အဆိုပါဒေသများသို့ ပြန်လည်ရောက်ရှိလာသည့် ဒေသခံအများစုသည် မိရိုးဖလာ အုန်းခြံလုပ်ငန်းများကိုသာ ပြန်လည်လုပ်ကိုင်လိုကြ၏။ ထိုလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံပြီး နှစ်ပေါင်းများစွာကြာမှ အကျိုးအမြတ်ခံစားရသည်။ လတ်တလောတွင် ကြက်ဘဲမွေးမြူရေးခြံလုပ်ငန်းအတွက် စီစဉ်နေသူတစ်ဦးက အစိုးရ၏အကူအညီ ရရှိမည်ဟု မျှော်လင့်ကြောင်း ဆိုသည်။ သို့သော် အာဏာပိုင်များကမူ အခြားဦးစားပေးလုပ်ငန်းများကိုသာ အလေးထားနေကြ၏။ စစ်ဒဏ်ခံမိုင်းရှင်းလုပ်သားတို့မှာ ၎င်းတို့၏ဆောင်ရွက်ချက်များအတွက် လုံလောက်သော အသိအမှတ်ပြုမှု မခံရကြောင်း သီရိလင်္ကာမိုင်းရှင်းလင်းရေးလုပ်ငန်းကို အဓိကဦးဆောင်သည့်အဖွဲ့ HALO Trust ၏ ပရိုဂရမ်မန်နေဂျာ အင်္ဂလိပ်လူမျိုး O’Brien က ပြောပြသည်။ HALO သည် ခေတ်မီရှာဖွေရေးကိရိယာများကို အသုံးချနေပြီး သီရိလင်္ကာမိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်အား ၄၀ ရာခိုင်နှုန်းအထက် တိုးမြှင့်နိုင်ခဲ့သည်။ Google မှ NGO အဖွဲ့အစည်းများသို့ အခမဲ့ကူညီထားသော Skybox ဂြိုဟ်တုပုံရိပ်လုပ်ဆောင်ချက်ဖြင့်လည်း စတင်ဆောင်ရွက်နေပြီဖြစ်သည်။

သီရိလင်္ကာတွင် မိုင်းရှာဖွေရှင်းလင်းရေးအေဂျင်စီအများအပြားရှိနေသော်လည်း လုပ်ငန်းစဉ်အား ချောမွေ့လွယ်ကူအောင် ရှေ့တိုးဆောင်ရွက်ရန် မလွယ်လှချေ။ ယခင်သမ္မတဟောင်း Mahida Rajapakse ၏အစိုးရလက်ထက်တွင် NG0 အဖွဲ့များအပေါ် သံသယ၀င်အငြိုးထားပြီး နိုင်ငံတကာလုပ်သားများအားလုံး နိုင်ငံတွင်းမှထွက်ခွာသွားကြဖို့ စေခိုင်းခံရသည်။ သီရိလင်္ကာမိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဥရောပသမဂ္ဂ၊ ဂျပန်၊ သြစတေးလျ၊ အမေရိကန်နှင့် ဗြိတိန်တို့မှ အစဉ်တစိုက် ထောက်ပံ့ကူညီနေကြခြင်းဖြစ်သည်။ အခြားသောအေဂျင်စီများ လုပ်ငန်းပိတ်သိမ်းလိုက်ကြသော်လည်း အလှူရှင်များက HALO အား လူ ၇၀၀ ကိုသာလျှော့ချစေခဲ့သည်။

သို့သော်၂၀၁၅ ခုနှစ်တွင် သမ္မတ Maithripala Sirisena ဦးဆောင်သောအစိုးရသစ် အာဏာရလာပြီး အဆိုပါဟန့်တားချက်များကို ရုပ်သိမ်း၍ သီရိလင်္ကာသည် ၂၀၂၀ မတိုင်မီ မိုင်းကင်းစင်ရေးနိုင်ငံဖြစ်ရမည်ဟု ဦးတည်ချက်ထားခဲ့သည်။ သို့တိုင် အစိုးရ၏ရည်မှန်းချက်အပေါ် မယုံစားရဲသေးသဖြင့် DASH ကမူ လုပ်ငန်းရပ်နားထားဆဲဖြစ်၏။ အမှန်တကယ် ကျန်ရှိနေသေးသော မိုင်းရှင်းရမည့်ဧရိယာသည် စာရင်းပြထားသည်ထက် လျော့နည်းနိုင်ဖွယ် ရှိပေမည်။

ပြီးခဲ့သည့်ဒီဇင်ဘာလ နိုင်ငံတော်အဆင့် အပြည်ပြည်ဆိုင်ရာ မိုင်းတားဆီးရေးပဋိညာဉ်အစည်းအဝေး၌ ပြန်လည်နေရာချထားရေးအတွင်းဝန် MM Nayeemudeen က မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ် အထိုက်အလျောက် အရှိန်မြှင့်တင်နိုင်ရန်နှင့် ရံပုံငွေရရှိရေး ပိုမိုလမ်းပွင့်စေရန် သီရိလင်္ကာကို လက်မှတ်ထိုးနိုင်ငံဖြစ်လာစေဖို့ အပြင်းအထန်စဉ်းစားနေပါသည်ဟု ကြေငြာပြောဆိုသွားသည်။

“မြေကြီးထဲက မိုင်းတွေ တစ်ခုမကျန် ထုတ်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး၊ လူတွေ သူတို့ဘ၀ရှေ့ဆက်နိုင်ဖို့သာလျှင် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ သူတို့တစ်တွေ အကြောက်အလန့်ကင်းစင်ဖို့တော့ လိုအပ်ပါလိမ့်မယ်”

Ref : Al Jazeera

Tags:

Leave a Reply