News @ M-Media

ချန်ပီယံဆုအတွက် တစ်လှမ်းချင်းလျှောက်နေတဲ့လက်စတာနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၉

မတ် ၇၊ ၂၀၁၆
M-Media

epl 1

– ဒီတစ်ပရီးမီးယားလိဂ်မှာတော့ အဆင့် ၂ နဲ့ ၃ က စပါးနဲ့အာဆင်နယ်တို့ သရေကျမှုနဲ့အတူ လက်စတာက ထိပ်ဆုံးမှာ ၅ မှတ်ဖြတ်ကာ ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့ပါတယ်။

အဝေးကွင်းမှာ ၀က်ဖို့ဒ်ကို ရင်ဆိုင်ခဲ့ရတဲ့ လက်စတာဟာ ပထမပိုင်းမှာ ကစားပုံ သိပ်မကောင်းခဲ့ပေမယ့် ၅၆ မိနစ် မဟ်ရက်ဇ်ရဲ့ ရင်သပ်ရှုမောဖွယ် အနိုင်ဂိုးပြီးတဲ့နောက်ပိုင်းမှာတော့ စိတ်ကြိုက်လုပ်နိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ မဟ်ရက်ဇ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ၁၅ ဂိုးမြောက်ပြီး အဝေးကွင်းမှာ ၁၁ ဂိုးမြောက် သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ရာနီယေးရီကတော့ မိမိတို့ဟာ တစ်လှမ်းခြင်းလှမ်းရမှာဖြစ်ပြီး နောက်ဆုံးမှာ ဘာဖြစ်မလဲဆိုတာကို စောင့်ကြည့်ရမယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

လန်ဒန်ဒါဘီပွဲဖြစ်တဲ့ စပါးနဲ့ အာဆင်နယ်တို့ပွဲကတော့ မြိုင်ဆိုင်ခဲ့ပြီး တစ်ယောက်တစ်လှည့်စီ ဦးဆောင်ခဲ့ကြပါတယ်။ ရမ်ဆေးနဲ့ ၃၉ မိနစ်ဂိုးနဲ့ ဦးဆောင်ခဲ့တဲ့ အာဆင်နယ် ၅၄ မိနစ် ကိုကွီလင် အထုတ်ခံခဲ့ရပြီးနောက်ပိုင်း ၂ ဂိုး ဆက် ပြန်ပေးခဲ့ရပါတယ်။ ဒါပေမယ့် ဆန်းချက်ဇ်က ၇၆ မိနစ်မှာ ချေပဂိုး ပြန်သွင်းနိုင်ခဲ့တာကြောင့် အာဆင်နယ်တို့ သရေတစ်မှတ် ရခဲ့တာပါ။ ၀င်းဂါးက တစ်ယောက်လျော့ တစ်ဂိုး ရှုံးနဲ့ အဝေးကွင်းမှာ သရေတစ်မှတ်ယူနိုင်ခဲ့တဲ့ အသင်းအတွက် ကျေနပ်မိတယ်လို့ ဆိုပါတယ်။

epl 3

ပြိုင်ပွဲအားလုံးမှာ နောက်ဆုံးလေးပွဲဆက် အနိုင်ရထားတဲ့ မန်ယူကတော့ အဝေးကွင်းမှာ ကောင်းရှုံးဖြစ်ခဲ့ပါတယ်။ ၀က်စ်ဘရွန်းကို ဖိကစားနိုင်ခဲ့ပေမယ့် ၃ မိနစ်အတွင်း နှစ်ဝါတစ်နီနဲ့ မာတာ စောစောစီးစီးအထုတ်ခံလိုက်ရတာက မန်ယူအတွက် ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မန်ယူတို့ ခံစစ်ကိုအလေးထား ကစားခဲ့ရပြီး နောက်ပိုင်းပွဲတွေမှာ ဂိုးမြူးလာတဲ့ ဆော်လမွန် ရွန်ဒွန်ရဲ့ ၆၆ မိနစ် သေသပ်တဲ့ အဆုံးသတ်မှုနဲ့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

epl 2

မန်စီးတီးက ဇယားအောက်ဆုံးက အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ၄ ဂိုးပြတ်ခဲ့ပြီး၊ ချယ်ဆီးကတော့ ၈၅ မိနစ်အထိ ၁ ဂိုး ဂိုးမရှိနဲ့ စတုတ်ကို ဦးဆောင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ ၁ ဂိုးစီနဲ့ သရေတစ်မှတ်သာ ရခဲ့ပါတယ်။ လီဗာပူးက ခရစ္စတယ်ပဲလေ့စ်ကို ဘန်တီကီရဲ့ နောက်ဆုံးမိနစ်ဂိုးကြောင့် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ၀က်စ်ဟမ်းကတော့ အဲဗာတန်ကို အဝေးကွင်းမှာ အကြိတ်အနယ်ကစားကာ အနိုင်ရပြီး ဥရောပ၀င်ခွင့်မျှော်လင့်ချက် ပိုမိုရှင်သန်လာခဲ့ပါတယ်။

ဒီတစ်ပတ်epl 4 ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

စပါး ၂-၂ အာဆင်နယ်
ချယ်ဆီး ၁-၁ စတုတ်
အဲဗာတန် ၂-၃ ၀က်စ်ဟမ်း
မန်စီးတီး ၄-၀ အက်စတွန်ဗီလာ
နယူးကယ်ဆယ် ၁-၃ ဘုန်းမောက်
ဆောက်သက်တမ် ၁-၁ ဆန်းဒါးလန်း
ဆွမ်ဆီး ၁-၀ နော်ဝစ်ခ်ျ
ဝက်ဖို့ဒ် ၀-၁ လက်စတာ
ခရစ္စတယ်ပဲလေ့စ် ၁-၂ လီဗာပူးလ်
ဝက်စ်ဘရွန်း ၁-၀ မန်ယူ

Comments

Leave a Reply