မတ် ၈၊ ၂၀၁၆
M-Media
– ဒီတစ်ပတ် လာလီဂါပွဲစဉ် ၈ မှာတော့ ထိပ်ဆုံး ၃ သင်းစလုံး ဂိုးမြူးခဲ့ပြီး ဘာစီလိုနာက ၈ မှတ်ဖြတ်ကာ ဆက်လက် ဦးဆောင်ထားပါတယ်။
အိမ်ကွင်း ဘာနေဗျူးမှာ ရီးယဲလ်တို့ ဆဲလ်တာဗီဂိုကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး လတ်တလော ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရော်နယ်ဒိုက ၄ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် မိနစ် ၄၀ အထိ ဂိုးရဖို့ ကြိုးစားခဲ့ရပြီး ဒုတိယပိုင်းမှာ ၆ ဂိုး သွင်းနိုင်ခဲ့တာပါ။
ဘာစီလိုနာကလည်း မက်ဆီရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ အဝေးကွင်းမှာ အိုက်ဘာကို ၄ ဂိုးပြတ်ခဲ့ပြီး ဒုတိယနေရာက အက်သလက်တီကိုကတော့ ဗင်လင်စီယာကို အဝေးကွင်းမှာပဲ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဇယားအောက်ခြေက ၃ သင်းမှာ အောက်ဆုံးက လီဗန်တေးတစ်သင်းသာ သရေကျခဲ့ပြီး ဂရာနာဒါနဲ့ စပို့တင်းဂီဂျွန်တို့က ရှုံးနိမ့်ခဲ့ကြပါတယ်။ အဆင့် ၄ က ဗီလာရီးယဲလ်ကလည်း အိမ်ကွင်းမှာ ဖိကစားနိုင်ခဲ့ပေမယ့် လက်စ်ပါးလ်မက်စ်ရဲ့ နောက်တန်းကို မကျော်နိုင်ခဲ့တာကြောင့် ၁ ဂိုး ဂိုးမရှိနဲ့ အရှုံးပေးခဲ့ရပါတယ်။
ဒီတစ်ပတ် လာလီဂါပွဲစဉ်တွေရဲ့ ရလဒ်များကတာ့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ရီးယဲလ် ၇-၁ ဆဲလ်တာဗီဂို
ဗီလာရီးယဲလ် ၀-၁ လက်စ်ပါးလ်မက်စ်
ဂီတာဖေး ၁-၁ ဆီးဗီးလား
ဒီပို့တီဗို ၃-၃ မာလာဂါ
ရီးယဲလ်ဘက်တစ် ၂-၀ ဂရာနာဒါ
အိုက်ဘာ ၀-၄ ဘာစီလိုနာ
စပို့တင်းဂီဂျွန် ၀-၂ ဘီဘာအို
ဆိုစီဒက် ၁-၁ လီဗန်တေး
ဗလင်စီယာ ၁-၃ အက်သလက်တီကို
အက်စပန်ညို ၂-၁ ဗယ်လက်ကာနို
Comments