မတ် ၉၊ ၂၀၁၆
M-Media
– ရိုးမားအသင်းအား အနိုင်ရရှိကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ရီးယဲလ်ကစားသမားများကို နည်းပြ ဇီဒိန်းက ချီးကျူးပြောဆိုလိုက်သည်။
ယနေ့မနက်က ဘာနေဗျူး၌ ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့တွင် ရော်နယ်ဒိုနှင့် ရော်ဒရီဂက်စ်တို့၏ ဒုတိယပိုင်း သွင်းဂိုးများဖြင့် ၂ ဂိုးပြတ်ခဲ့ပြီး ၂ ကျော့ပေါင်း ၄ ဂိုး ဂိုးမရှိဖြင့် ရီးယဲလ်က နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ရိုးမားအသင်း၏ တိုက်စစ်မှူများဖြစ်သော ဆာလာဟ်၊ ဇက်ကို၊ အလက်ဇန်ဒရို ဖလိုရန်ဇီတို့၏ အပိုင်ဂိုးသွင်းခွင့်များ ဂိုးမ၀င်သောကြောင့်သာ ရီးယဲလ် ကံကောင်းခဲ့ခြင်းဖြစ်သည်။
ဇီဒိန်းကမူ အသင်းသားများ၏ စွမ်းဆောင်ရည်အတွက် ကျေနပ်နေသည်။
“ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ ဒါပေမယ့် နောက်ဆုံးမှာ နောက်တစ်ဆင့်တက်ရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ရည်မှန်းချက် အောင်မြင်ပါတယ်။ ကျွန်တော်တို့ ဂိုးလည်း မပေးရပါဘူး။ မိနစ် ၉၀ အတွင်းမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ သွက်လက်ပြီး ကောင်းမွန်တဲ့ကစားသမားတွေရှိတဲ့ အသင်းကို ရင်ဆိုင်ရတာမို့လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်။ ရည်ရွယ်ထားတဲ့အတိုင်းလည်း ဖြစ်ခဲ့တယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ နောက်တစ်ပွဲအတွက် စဉ်းစားနေပါတယ်” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။
Ref: Goal
Comments