မတ် ၁၅၊ ၂၀၁၆
M-Media
– မိမိတို့အသင်းအနေဖြင့် ထိပ်ဆုံးတွင် ၅ မှတ်ဖြတ်၍ ဦးဆောင်ထားနိုင်သော်လည်း ပရီးမီးယားလိဂ် ဆုဖလားကို အခြားသောအသင်းများ ရနိုင်သည့် အခွင့်အလမ်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေသေးသည်ဟု လက်စတာနည်းပြ ရာနီယေးရီက ပြောကြားလိုက်သည်။
ယမန်နေ့က နယူးကာဆယ်နှင့် ကစားခဲ့သည်ပွဲတွင် တိုက်စစ်မှူး ရှင်ဂျီ အိုကာဇာကီ၏ တစ်လုံးတည်းသောဂိုးဖြင့် လက်စတာက အနိုင်ရရှိခဲ့ပြီး ဒုတိယနေရာမှ စပါးအား ၅ မှတ် ဖြတ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။ ရာသီပြီးဆုံးရန် ၈ ပွဲသာလို တော့သည့်အချိန်တွင် ထိုအနေအထားက ချန်ပီယံဆုကို မျှော်မှန်းနိုင်မည့်အခြေအနေ ဖြစ်သော်လည်း ရာနီယေးရီကမူ ထိုသို့ မယူဆပေ။
ဆုဖလားအတွက် စပါးနှင့် လက်စတာတို့ နှစ်ကောင်တည်းပြေးသောမြင်း ဖြစ်နေပြီလားဟု မေးမြန်းရာ ၎င်းက “မဟုတ်ပါဘူး။ အခြားအသင်းတွေလည်း လိုက်နိုင်ပါသေးတယ်။ ကျွန်တော်တို့က ဥရောပ၀င်ခွင့်အတွက် တိုက်ပွဲဝင်နေတာပါ။ ၄၊ ၅ ပွဲလောက် ကျန်တဲ့အချိန်ကျရင်တော့ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားတာ ဖြစ်မှာပါ။ ကျွန်တော်တို့ အခု တော်တော်လေးတောင့်တင်းတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ တစ်ပွဲအတွက်ပဲ စဉ်းစားတာပါ။ တစ်လှမ်းခြင်းဆီပေါ့ဗျာ။ ဒါက ကျွန်တော်တို့ရဲ့ ဒဿနပါ။ ပွဲတိုင်းကို ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။
Ref: Goal
Comments