6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၁၆၊ ၂၀၁၆
M-Media

man city

– ဒိုင်နမိုကိဗ်အား ဖြုတ်ချကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခြင်းမှာ အသင်းအတွက် အရေးပါသော အောင်မြင်မှုဖြစ်ပြီး အသင်းမှာလည်း အသင်းကြီးတစ်သင်းအဖြစ် ဆက်လက် တိုးတက်နေသည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

ယနေ့မနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ အိမ်ကွင်းတွင် မန်စီးတီးအသင်းမှာ ဂိုးမရှိသရေ ကျခဲ့သော်လည်း ပထမအကျော့က ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိထားသောကြောင့် နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ကာ အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ် ရောက်ရှိခြင်းလည်းဖြစ်သည်။

ရာသီကုန်တွင် ဂွာဒီယိုလာလက်သို့ လွှဲပေးရတော့မည့် ပယ်လီဂရီနီကမူ အသင်း၏အောင်မြင်မှုအတွက် ကျေနပ်နေသည်။

“ဒါဟာ အသင်းအတွက် အင်မတန်အရေးပါတဲ့ အောင်မြင်မှုပါပဲ။ အသင်းဟာ အသင်းကြီးတစ်သင်းအဖြစ် ဆက်လက်တိုးတက်ဖွံ့ဖြိုးနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုပွဲတွင် နောက်ခံလူများဖြစ်သည့် အသင်းခေါင်းဆောင် ဗင်းဆင့်ကွန်ပနီနှင့် နီကိုလက်စ် အိုတာမန်ဒီတို့မှာ ဒဏ်ရာရရှိခဲ့ပြီး ကွန်ပနီမှာ အနည်းဆုံး ၁ လခန့်အနားယူရဖွယ်ရှိနေသည်။

Ref: Channelnewsasia

Leave a Reply