ဧပြီ ၂ ၊ ၂၀၁၆
M-Media
သီဟ
.
ယခင်အစိုးရလက်ထက်မှာ ခရစ်ယာန်၊ အစ္စလာမ် စတဲ့ လူနည်းစုဘာသာဝင်များကို ဖိနှိပ်မှု မရှိခဲ့ဘူးလို့ NLD အစိုးရအသစ်ရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို မှ VOA နဲ့ တွေ့ဆုံမေးမြန်းခန်း တခုမှာ ပြောဆိုခဲ့ပါတယ်။
.
ထိုသို့ ပြောဆိုရာမှာ အစ္စလာမ်နဲ့ ဟိန္ဒူ ကိုးကွယ်သူ အများစုဟာ ဧည့်နိုင်ငံသားတွေလို့ သုံးနှုန်းပြောဆိုခဲ့တာကို တွေ့ရပါတယ်။
.
ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာ လူနည်းစု ဘာသာဝင်တို့ ပုတ်ခတ် ပြောဆို တိုက်ခိုက်ခဲ့တဲ့ မ.ဘ.သ လို အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုများကို အမြင့်ဆုံး သံဃအဖွဲ့အစည်း ဖြစ်တဲ့ သံဃမဟာနာယက အဖွဲ့နဲ့ တွေ့ဆုံပြီးတော့ ဘာသာကြီး ၄ ခုကြားမှာ အမုန်းစကားတွေ လျော့ပါးသွားအောင် ထိန်းကျောင်းပေးဖို့၊ မြန်မာလူမှုအဖွဲ့အစည်းကြားမှာ ချစ်ခြင်းမေတ္တာတရားထွန်းကားဖို့ ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
.
သူရဦးအောင်ကိုမှာ တပ်မတော် အရာရှိဟောင်း တဦးဖြစ်ပြီး ယခင် စစ်အာဏာရှင် န.အ.ဖ အစိုးရလက်ထက် သာသနာရေး ဒု-ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ တဦးလည်းဖြစ်ပါတယ်။
.
မြန်မာနိုင်ငံကို အစ္စလာမ် ဘာသာဝင်ရောက်ရှိလာပုံနှင့် ပတ်သက်ပြီးတော့ ယခင် စစ်အစိုးရ န.ဝ.တ ခေတ် ၁၉၉၇ ခုနှစ် က ကာကွယ်ရေး ဝန်ကြီးဌာန ပြန်လည်နေရာ ချထားရေး ညွန်ကြားရေးမှုးရုံး ဦးစီးအရာရှိ ပထမတန်း ဒုတိယဗိုလ်မှုးကြီးဝင်းမောင် တာဝန်ခံထုတ်ဝေတဲ့ “သာသနာရောင်ဝါ ထွန်းစေဖို.” အမည်ရှိ စာအုပ်တွင် ဖော်ပြချက်အချို့မှ အပိုင်း တပိုင်းအဖြစ် အောက်တွင် ကောက်နှုတ်၍ ဖော်ပြလိုက်ပါတယ်။
..
“အစ္စလာမ်ဘာသာစတင်ဝင်ရောက်လာပုံ”
——————————————–
အစ္စလာမ်ဘာသာသည် မြန်မာနိင်ငံသို့ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန်.ကစ၍ အုပ်စုလိုက်၎င်း၊ တစ်ဦးချင်း နှစ်ဦးချင်း အားဖြင့်၎င်း ပြန့်နှံ့ဝင်ရောက်ခဲ့သည်။ သမိုင်း အထောက်အထားများအရ အစ္စလာမ်ဘာသာမြန်မာနိုင်ငံသို. စတင်ရောက်ရှိလာပုံမှာ ပြည်ပအစ္စလာမ် သာသနာပြုများက မြန်မာနိုင်ငံသို. လာရောက် သာသနာပြုသဖြင့်ရောက်ရှိလာခဲ့ခြင်းမျိုး မဟုတ်ပါ။
.
အေဒီ ရ၈၈-၈၁၀ အတွင်းရခိုင်ဘုရင် မဟာတိုင်စန္ဒလက်ထက် ရမ်းဗြဲကျွန်းအနီးတွင် သင်္ဘောများစွာ ပျက်ခဲ့ပြီးအစ္စလာမ်ဘာသာဝင် သင်္ဘောသားများအား ရခိုင်ပြည်မသို့ပို့ကာ ကျေးရွာများတွင် အတည်တကျနေရာ ချထားပေးခဲ့ကြောင်းတို့အပြင် အခြား အထောက်အထားတွေကိုပါ ဖော်ပြထားပါတယ်။ရခိုင်ပြည်နယ်မှာ ကမန် မွတ်စလင်တို့အပြင် စစ်တွေမြို. အရှေ.ပိုင်းဒေသများ၊ ရမ်းဗြဲကျွန်းနှင့်သံတွဲတဝိုက်တွင် “တိုင်းရင်းသားများဖြစ်ကြသော” အစ္စလာမ်ဘာသာကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိနေသည်ဟုဖော်ပြထားပါသည်။
.
ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃ (ခရစ်နှစ် ၁၈၀၁ ခု ) ကဆုန်လပြည့်ကျော် ၂ ရက်နေ့တွင် ရွှေတိုက်ပရပိုက်မှ ဗိုလ်မင်း မင်းလှကျော်ထင် ရေးကူးသော စစ်တမ်းတွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀ရ၆ အထိ နန်းစံသောအင်းဝစနေမင်းလက်ထက်တွင် ရခိုင်ဘက်မှဝင်ရောက်လာသောမွတ်စလင် ၃၀၀၀ ကျော်အား အေဒီ(၁၇၀၉) ခုနှစ်တွင်နေရာ ၁၂ နေရာကိုနေရာချပေး ခဲ့ကြောင်းရေးသားထားသည်။
Comments