ဧပြီ ၄၊ ၂၀၁၆
M-Media
– အနောက်နိုင်ငံသားများအား ပြန်ပေးဆွဲခြင်းနှင့် သတ်ဖြတ်ခြင်းတို့ ပြုလုပ်မှုအတွက် နာမည်ကြီးပြီး အလ်-ကိုင်းဒါးနှင့် ချိတ်ဆက်မှုရှိသည့် စစ်သွေးကြွအဖွဲ့ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု နိုက်ဂျီးရီးယားနိုင်ငံက ယနေ့တွင် ကြေငြာလိုက်သည်။
ခါလစ် အလ်-ဘာရ်နာဝီဆိုသူဖြစ်ပြီး နိုက်ဂျီးယားရီးယား၏ အလိုရှိသော အကြမ်းဖက်သမားစာရင်းတွင် ထိပ်ဆုံး၌ ရှိနေသည့် ၎င်းအား နိုင်ငံအလယ်ပိုင်း ကိုဂီပြည်နယ် မြို့တော် လိုကိုဂျာတွင် တနင်္ဂနွေနေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အမေရိကန်ကလည်း ၎င်း၏ဦးခေါင်းအတွက် ကန်ဒေါ်လာ ၅ သန်း ဆုငွေထုတ်ထားသည်။
အလ်-ဘာရ်နာဝီမှာ ဘိုကိုဟရမ်နှင့် ဆက်ဆံရေးရှိပြီး အလ်ကိုင်းဒါးနှင့်လည်း ချိတ်ဆက်မှုရှိသည်ဟု အမေရိကန်အစိုးရ၏ မှတ်တမ်းအရ သိရသည်။
နိုက်ဂျီးရီးယားစစ်တပ်ကမူ ၎င်းအား ဖမ်းဆီးရမိခဲ့ခြင်းမှာ ကြီးမားသောအောင်ပွဲဖြစ်ပြီး နိုက်ဂျီးရီးယားနှင့် ဒေသအတွင်း အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးများ လုပ်ဆောင်ရာတွင် ထိရောက်မှုများ ရှိလာလိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
Ref: Press TV
Comments