ဧပြီ ၆၊ ၂၀၁၆
M-Media
– ဘာစီလိုနာအသင်းနှင့် ယနေ့မနက် ချန်ပီယံလိဂ်ပွဲတွင် အထုတ်ခံခဲ့ရခြင်းအတွက် အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ယူအီးအက်ဖ်အေအား ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်သည်။
အဖွင့်ဂိုးသွင်းယူပေးခဲ့သည့် တောရက်စ်မှာ ပထမပိုင်းမှာပင် နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဘာကာက ချေပဂိုးများနှင့် အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့သည်။ တောရက်စ်ကမူ ယူအီးအက်ဖ်အေမှာ ဒိုင်လူကြီးများ နေရာချထားပေးခြင်း ကိစ္စထက် ဘောလုံးအသင်းများ၏ အင်္ကျီများကိုသာ ပိုမို အာရုံစိုက်နေသည်ဟု ၎င်းတို့နှစ်သင်းစလုံး အဝေးကွင်းအင်္ကျီဖြင့် ကစားရသည်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
ထို့ပြင် ဒိုင်လူကြီး ဖီးလစ် ဘရန့်ခ်ျမှာ ထိုကဲ့သို့သော ပွဲကြီးများကို ကိုင်တွယ်ရန် အဆင်သင့်မဖြစ်သေးဟု ဆိုသည်။
“ကျွန်တော်တို့ အင်္ကျီတွေ လဲကစားဖို့လောက်ပဲ ယူအီးအက်ဖ်အေက စိတ်ဝင်စားနေပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို မကိုင်တွယ်နိုင်တဲ့ ဒိုင်လူကြီးတစ်ဦးကို တာဝန်ပေးတာမျိုးက ရှက်စရာပါပဲ” ဟု တောရက်စ်က ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
Ref: Goal
Comments