ဧပြီ ၁၄၊ ၂၀၁၆
M-Media
– နိုဘယ်ဆုရှင် ၇ ဦး အင်ဒိုနီးရှားသို့ လာရောက်လည်ပတ်မည့် ခရီးစဉ်အတွင်း ဒေသတွင်းတက္ကသိုလ်တွေမှာ မိန့်ခွန်းပြောကြားမယ့် အစီအစဉ်လည်း ပါဝင်မှာဖြစ်တယ်လို့ နိုင်ငံတကာငြိမ်းချမ်းရေးဖောင်ဒေးရှင်းက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
ဖောင်ဒေးရှင်းရဲ့ အကြံပေးဘုတ်အဖွဲ့ဥက္ကဌ လက်ချင်စတိန်း အိမ်ရှေ့မင်းသား အဲဖရက်က ဂျကာတာမှာရှိတဲ့ ၎င်းရဲ့ ရုံးခန်းမှာ အင်ဒိုနီးရှား ဒုသမ္မတ ယူဆွဖ် ကာလာနဲ့ တွေ့ဆုံပြီးနောက် ဒီလို ကြေငြာလိုက်တာဖြစ်ပါ
တယ်။
“ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေး မြှင့်တင်ပေးချင်ပြီး အင်ဒိုနီးရှားကနေလည်း သင်ယူချင်ပါတယ်။ အင်ဒိုနီးရှားဆိုတာ ခေတ်မီ မွတ်စလင်နိုင်ငံတစ်ခုဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် စံနမူနာယူစရာတစ်ခုလည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားကနေ ကျွန်တော်တို့ သင်ယူရမှာတွေ အများကြီးရှိပါတယ်” လို့ မင်းသားက ပြောကြားခဲ့ပါတယ်။
နိုဘယ်ဆုရှင်တွေဟာ နောက်နှစ်ကျရင် အင်ဒိုနီးရှားလာကြမှာဖြစ်တယ်လို့လည်း ဒီအစီအစဉ်မှာ ဥက္ကဌအဖြစ်ဆောင်ရွက်မယ့် အင်ဒိုဒုသမ္မတ ယူဆွဖ် ကာလာက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဖောင်ဒေးရှင်းဥက္ကဌ အူဝီ မိုရာဝက်ဇ်ကတော့ နိုဘယ်ဆုရှင်တွေအနေနဲ့ အင်ဒိုနီးရှားရဲ့ လူငယ်မျိုးဆက်တွေကို စိတ်အားထက်သန်စေနိုင်မယ်လို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားကို လာရောက်မယ့် နိုဘယ်ဆုရှင်တွေထဲမှာ စီးပွားရေးသိပ္ပံ၊ ငြိမ်းချမ်းရေး၊ ဆေးပညာ၊ ရူပဗေဒနဲ့ ဓာတုဗေဒ စတဲ့ နိုဘယ်ဆုတွေ ဆွတ်ခူးထားသူအများစု ပါဝင်မှာဖြစ်ပါတယ်။
Ref: IINA
Comments