ဧပြီ ၁၆၊၂၀၁၆
M-Media
– စပါးအသင်းအနေဖြင့် အမှတ်ပေးဇယားတွင် မိမိတို့အထက်ဖြင့် ရာသီသိမ်းမည်ကို မိမိအနေဖြင့် စိုးရိမ်မှုမရှိဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
စပါးမှာ အာဆင်နယ်၏ ခါးသီးသော မြို့ခံပြိုင်ဘက်ဖြစ်ပြီး လက်ရှိတွင် တစ်ပွဲပိုကစားကာ တတိယနေရာမှ အာဆင်နယ်အား ၆ မှတ်ဖြတ်၍ ဒုတိယနေရာတွင် ရှိနေသည်။ အာဆင်နယ်ကို ၀င်းဂါးကိုင်တွယ်လာသည့် နှစ် ၂၀ အတွင်း စပါးမှာ အာဆင်နယ်၏အထက်ဖြင့် တစ်ကြိမ်မှ ရာသီမသိမ်းနိုင်ခဲ့ပေ။
သို့သော်လည်း လက်ရှိတွင် အာဆင်နယ်အား ကျော်ဖြတ်ရန် အခြေအနေကောင်းနေသည်။
“စပါးအနောက်ကို ကျွန်တော်တို့ မရောက်သေးပါဘူး။ ဒါပေမယ့် စပါးကတော့ နှစ်ပေါင်းများစွာ ကျွန်တော်တို့ အနောက်မှာ ရှိနေခဲ့ပါတယ်။ ပြီးတော့ သူတို့ ရုန်းကန်ခဲ့ရပါတယ်။ တစ်ကယ့်အမှန်တရားကတော့ ဒါပါပဲ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
ထို့ပြင် လာမည့်အပြောင်းအရွှေ့တွင် အသင်းက ငွေကြေးအမြောက်အများသုံးစွဲမည်ဟု ပရိတ်သတ်များအနေဖြင့် မျှော်လင့်မထားရန်လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref: Goal
Comments