ဧပြီ ၂၄၊ ၂၀၁၆
M-Media
– အာဆင်နယ်ကွင်းလယ်လူ မီဆု အိုဇေးလ်မှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်တွင် ဖန်တီးပေးပို့မှု ပြုလုပ်နိုင်စွမ်းအရှိဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဟု သိရသည်။
ယနေ့တွင် ကစားခဲ့သည့် ဆန်းဒါးလန်းအသင်းနှင့်ပွဲတွင် အိုဇေးလ်မှာ ပထမပိုင်း ၄၅ မိနစ်အတွင်း ဖန်တီးပေးပို့မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး၊ ယခုရာသီတွင် ဖန်တီးပေးမှု စုစုပေါင်း ၁၃၅ ကြိမ်ရှိလာကာ ပရီးမီးယားလိဂ် တစ်ရာသီကာလအတွင်း ဖန်တီးပေးနိုင်မှုအများဆုံး ကစားသမား ဖြစ်လာခဲ့ခြင်းဖြစ်သည်။
အိုဇေးလ်၏နောက်တွင် စပါးကစားသမား ခရစ္စတီယန် အဲရစ်ဆန်နှင့် ၀က်စ်ဟမ်းကစားသမား ဒီမီထရီပါယက်တို့က ၁၀၅ ကြိမ်နှင့် ၁၀၂ ကြိမ်တို့ဖြင့် အသီးသီး ရှိနေကြသည်။ အိုဇေးလ်၏ဖန်တီးပေးမှုကြောင့် ဂိုးရရှိမှုမှာ ယခုရာသီအတွင်း ၁၈ ဂိုးရှိခဲ့ပြီး၊ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဟင်နရီတင်ထားသည့် တစ်ရာသီအတွင်း ဂိုး ၂၀ ရရှိအောင် ဖန်တီးပေးနိုင်သည့် စံချိန်ကို ချိုးဖျက်ရန် နီးစပ်နေပြီဖြစ်သည်။
Ref: Goal
Comments