6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၅၊ ၂၀၁၆

M-Media

us

– အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဖရာမင်ဂမ်မြို့က ဖရာမင်ဂမ်အစ္စလာမ့်အဖွဲ့အစည်း (ISF) ကနေ “မွတ်စလင်အိမ်နီးချင်းများကို တွေ့ဆုံခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘာသာပေါင်းစုံချစ်ကျည်ရေး အခမ်းအနားတစ်ခုကို စနေနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မိတ်ဆွေသူငယ်ချင်းတွေ၊ အိမ်နီးချင်းတွေအကြားမှာ သူတို့ရဲ့ ယဉ်ကျေးမှုဆိုင်ရာတွေကို ပိုမိုနားလည်စေဖို့ ရည်ရွယ်ချက်နဲ့ အဲဒီအခမ်းအနားကို ပြုလုပ်ခဲ့တာဖြစ်ပြီး ဖရာမင်ဂမ် ဗလီဝတ်ကျောင်းတော်က အဖွဲ့ဝင်တွေဟာ တက်ရောက်လာကြတဲ့ ဧည့်သည်တွေကို နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။

နောက်ပြီး လာရောက်သူတွေကို ဗလီဝတ်ကျောင်းတော်အနှံ့ လှည့်လည်ပြသခဲ့ပြီး အစ္စလာမ့်ရေးရာ ကိစ္စရပ်တွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

“အခုအခြေအနေက မွတ်စလင်၊ အစ္စလာမ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေ အများကြီးပေါ်ထွက်လာတဲ့ အခြအနေပါ။ ဒါ့ကြောင့် အဲဒီမေးခွန်းတွေကို ကျွန်တော်တို့ ဖြေရပါမယ်။ အဲဒီမေးခွန်းတွေကို ဖြေနိုင်အောင်လို့လည်း ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားရပါမယ်” လို့ ISF က ဒါရိုက်တာများဘုတ်အဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ ဖာရီဒ် ဆစ်ဒီကွီက ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဖရာမင်ဂမ်မြို့မှာရှိတဲ့ မွတ်စလင်တွေဟာ လုံခြုံတယ်လို့ ခံစားရပေမယ့် အစ္စလာမ်ဟာ လှပတဲ့ သတင်းစကားတစ်ခု ဖြစ်တယ်ဆိုတာကို မွတ်စလင်မဟုတ်သူတွေကို သိစေချင်ကြောင်း၊ စစ်မှန်တဲ့အစ္စလာမ်ကို နီးနီးကပ်ကပ်ရှိသူတွေဟာ အမေရိကန်ဖြစ်ရတာကို ဂုဏ်ယူကြကြောင်း စသဖြင့် ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Ref: IINA

Leave a Reply