ဧပြီ ၂၅၊ ၂၀၁၆
M-Media
– တစ်ပတ်လောက် ဆက်တိုက် အိပ်ရေးပျက်ရုံနဲ့တင် မကောင်းတဲ့ ကိုလက်စထရောတွေ များစေနိုင်ပြီး နှလုံးကိုထိခိုက်စေနိုင်တယ်လို့ ဖင်လန်နိုင်ငံက လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။
အိပ်ချိန်အလွန်နည်းပါးတဲ့သူတွေရဲ့သွေးထဲမှာ လုံလောက်စွာအိပ်စက်ရသူတွေထက် ကောင်းမွန်တဲ့ ကိုလက်စထရောတွေ ပိုပြီးနည်းတယ်လို့ ဟဲလင်စကီးတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ အဲဒီလေ့လာမှုက ဆိုပါတယ်။ ကိုလက်စထရောသယ်ဆောင်မှုကို ထိန်းညှိပေးတဲ့ မျိုးဗီဇတွေဟာ အိပ်ရေးဝတဲ့သူတွေထက် အိပ်ရေးပျက်တဲ့သူတွေဆီမှာ တက်ကြွမှုနည်းပါးတာကြောင့် ဆက်တိုက် အိပ်ရေးပျက်သူတွေမှာ ကိုလက်စထရောတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။
တက္ကသိုလ်က သုတေသနပညာရှင်အဖွဲ့တစ်ခုဟာ အိပ်ရေးပျက်သူတွေအနေနဲ့ ဘာ့ကြောင့် နှလုံးနဲ့လေဖြတ်ရောဂါတွေ ပိုဖြစ်ရလည်းဆိုတာကို လေ့မှုတစ်ခု ပြုလုပ်ခဲ့ပြီး အိပ်စက်မှုအဆင့်တွေနဲ့ ရောဂါဖြစ်နိုင်ချေတွေကို လေ့လာစောင့်ကြည့်ခဲ့ပါတယ်။
အိပ်ရေးပျက်တာကြောင့် ခန္ဓာကိုယ်က ကိုလက်စထရောတွေသယ်ယူပို့ဆောင်မှုအပေါ် မျိုးဗီဇတွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာနဲ့ သွေးထဲက ကိုလက်စထရော ပမာဏကိုလည်း စောင့်ကြည့်ခဲ့ပါတယ်။ တစ်ညမှာ ခုနှစ်နာရီ ဒါမှမဟုတ် ရှစ်နာရီထက်လျော့နည်းပြီး အိပ်စက်သူတွေဟာ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါတွေ ဖြစ်နိုင်ချေမြင့်မားရခြင်းအကြောင်းကို အဲဒီလေ့လာမှုက ကောင်းကောင်း ရှင်းပြနိုင်ခဲ့ပါတယ်။
တွေ့ရှိတဲ့အချက်အလက်တွေအရ အိပ်ရေးပျက်သူတွေမှာ သွေးလွှတ်ကြောတွေ မာတောင့်လာပြီး သွေးခဲတွေပိတ်စေတဲ့ အခြေအနေမျိုးကို မြင်ခဲ့ရတာဖြစ်ပါတယ်။ နှလုံးနဲ့ လေဖြတ်တာတွေလို အဖြစ်များတဲ့ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် ကောင်းကောင်းအိပ်စက်အနားယူဖို့အပြင် ကျန်းကျန်းမာမာ စားသောက်နေထိုင်ဖို့လည်း လိုတဲ့အကြောင်း ပြည်သူတွေကို အသိပညာပေးဖို့ လိုအပ်တယ်လို့ ဟယ်လင်စကီးက အဲဒီသုတေသနအဖွဲ့က ပြောကြားခဲ့ပါတယ်။
Ref: IINA
Comments