6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၅၊ ၂၀၁၆
M-Media

israel

– ပါလက်စတိုင်းပိုင်း ဂါဇာကမ်းမြှောင်အား အစ္စရေးက ယနေ့မနက်ပိုင်းတွင် လေကြောင်းမှ ကျူးကျော်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အနည်းဆုံး ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဂါဇာစီးတီးရှိ သတ္တုဝပ်ရှော့တစ်ခုအတွင်း တိုက်ခိုက်မှုတွင် အသက် ၆၅ နှစ်အရွယ် အဖိုးအိုတစ်ဦးနှင့် ကလေးငယ် ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒုတိယအကြိမ် တိုက်ခိုက်မှုမှာ ဘီအစ် လာဟီယာမြို့ရှိ ပါလက်စတိုင်း လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ ဟားမက်စ်မှ ပိုင်ဆိုင်သော အဆောက်အဦးဖြစ်ပြီး ထိုအဆောက်ဦးမှာ လုံးဝ ပြိုကျပျက်ဆီးခဲ့သည်။

အစ္စရေးတိုက်လေယာဉ်မှာ ဂါဇာစီးတီအရှေ့ပိုင်းရှိ ဆူရာနီတောင်ကိုလည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများအတွက် သေဆုံးဒဏ်ရာရမှုစာရင်းကို သိရှိရခြင်း မရှိသေးပေ။ အစ္စရေး၏ ထိုလုပ်ရပ်အတွက် ပြန်လည်တုန့်ပြန်သွားမည်ဟု ဟားမက်စ်အဖွဲ့က ပြောကြားခဲ့သည်။

ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသအား အစ္စရေးမှ ၂၀၀၇ ခုနှစ်ကတည်းက ပိတ်ဆို့ထားခဲ့ပြီး ပါလက်စတိုင်းပြည်သူများမှာ အလုပ်လက်မဲ့နှုန်း မြင့်တက်ခြင်း၊ ဆင်းရဲမွဲတေခြင်းနှင့် ရင်ဆိုင်နေရသည်။

၂၀၁၄ ခုနှစ် ဇူလိုင်ကလည်း အစ္စရေးမှာ ဂါဇာကမ်းမြှောင်အား ရက်ပေါင်း ၅၀ ကြာ လေကြောင်းမှ ကျူးကျော်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကလေးငယ် ၅၇၇ ဦးအပါအ၀င် ပါလက်စတိုင်းပြည်သူ ၂၂၀၀ နီးပါး သေဆုံးခဲ့သည်။ ဒဏ်ရာရသူမှာ ၁၁၁၀၀ ရှိခဲ့ပြီး ကလေးငယ် ၃၃၇၄ ဦး၊ အမျိုးသမီး ၂၀၈၈ ဦးနှင့် သက်ကြီးရွယ်အို ၄၁၀ ဦးတို့ ပါဝင်ခဲ့သည်။

Ref: Press TV

Leave a Reply