6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၇၊ ၂၀၁၆
M-Media

belgium

– IS အကြမ်းဖက်အဖွဲ့က ဘရပ်ဆဲလ်၌ တိုက်ခိုက်မှုပြုလုပ်ပြီးနောက်ပိုင်း မွတ်စလင်များနှင့်ပတ်သက်၍ စော်ကားသည့် စကားများ ပြောဆိုခဲ့သော ပြည်ထဲရေးဝန်ကြီး ဂျန် ဂျမ်ဘွန်အား ဘယ်လ်ဂျီယံပြည်သူများက တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟု သိရသည်။

လက်ယာယိမ်း N-VA ပါတီဝင်တစ်ဦးဖြစ်သော ဂျမ်ဘွန်မှာ ဧပြီ လ ၁၆ ရက်နေ့ထုတ် ပြည်တွင်းသတင်းစာ De Standaard နှင့် အင်တာဗျူးတွင် ဘယ်လ်ဂျီယံမွတ်စလင်များမှာ ဘရပ်ဆဲလ်တိုက်ခိုက်မှုအတွက် အောင်ပွဲခံခဲ့ကြသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုမှတ်ချက်ကြောင့် ဝေဖန်ခံခဲ့ရပြီးနောက်ပိုင်းတွက် ဂျမ် ဘွန်က ၎င်းမှာ နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းတစ်ခုလုံးကို ရည်ရွယ်ပြောဆိုခဲ့ခြင်းမဟုတ်ဟု ကာကွယ်ခဲ့သည်။

သို့သော်လည်း ဘယ်လ်ဂျီယံပြည်သူအချို့ကမူ ယမန်နေ့က တရားရေးဌာန အဆောက်အဦးရှေ့တွင် ပြည်ထဲရေးဝန်ကြီးအား ဆန္ဒပြခဲ့ကြပြီး တရာသူကြီးချုပ်ရုံးသို့သွားရောက်ကာ ဂျမ်ဘွန်၏ ခွဲခြားမှုအတွက် တိုင်ကြားခဲ့ကြသည်။

ရှေ့နေတစ်ဦးဖြစ်သူ မာရီ ပီယာရီက အစိုးရတာဝန်ရှိသူတစ်ဦး၏ ထိုမှတ်ချက်မှာ တင်းမာမှုကိုသာ ဖြစ်စေသည်ဟု ဆိုသည်။

“ဒါမျိုးကို ကျွန်တော်တို့ လက်မခံပါဘူး။ ဒါက ပုံမှန်လည်း မဟုတ်ပါဘူး။ ပြည်ထဲရေးဝန်ကြီးရဲ့အလုပ်က လုံခြုံရေး ဆောင်ရွက်ဖို့ပါ။ ဒါပေမယ့် ဒီလိုစကားမျိုးပြောတာက လူ့အဖွဲ့အစည်းတွင် တင်းမာမှုတွေကို မြင့်တက်စေပါတယ်” ဟု ပြောကြားခဲ့သည်။

Ref: Press TV

Leave a Reply