မေ ၈၊ ၂၀၁၆
M-Media
– ချယ်ရီဖျော်ရည် သောက်သုံးခြင်းက သွေးဖိအားမြင့်တက်ခြင်းကို လျှော့ချရာမှာ ကုသနည်းတစ်ခုအဖြစ် အသုံးဝင်တယ်လို့ အင်္ဂလန်က ပြုလုပ်တဲ့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။
နယူးကာဆယ်မြို့ Northumbria တက္ကသိုလ်က ပြုလုပ်တဲ့ အဲဒီ လေ့လာမှုမှာ ချယ်ရီသီးအရည် ၆၀ မီလီလီတာကို ရေနဲ့ဖျော်ပြီး သောက်ကြည့်ရာ သုံးနာရီအတွင်းမှာ သွေးဖိအား ၇ ရာခိုင်နှုန်းကျဆင်းသွားတာကို တွေ့ရှိခဲ့ရပြီး၊ ဒီပမာဏဟာ လေဖြတ်နိုင်ခြေကို ၃၈ ရာခိုင်နှုန်းလျှော့ချပေးကာ နှလုံးရောဂါအန္တရာယ် ၂၃ ရာခိုင်နှုန်း လျော့ကျစေဖို့ လုံလောက်တဲ့ပမာဏ ဖြစ်ပါတယ်။
သွေးဖိအားဆိုင်ရာ ကုသမှုခံယူနေတဲ့ လူနာတွေမှာလည်း အလားတူအကျိုးသက်ရောက်မှုမျိုး တွေ့ရှိရတယ်လို့ လေ့လာမှုမှာ ပါဝင်သူ ပညာရှင်တွေက ဆိုပါတယ်။ ချယ်ရီသီးဖျော်ရည်မှာ သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဖီနောလစ်အက်ဆစ်ဓာတ် ကြွယ်ဝတာကြောင့် သွေးဖိအားအပေါ် ကြီးမားတဲ့အကျိုးကျေးဇူး ရှိတာဖြစ်ပါတယ်။
Ref: IINA
Comments