6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၃၊ ၂၀၁၆
M-Media
မိုးစက်
1936188_1152930651408374_8803286281294960674_n
ရန်ကုန်။    ။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလမှာ အစွန်းရောက်မှုများအား ရှုတ်ချပြီး၊ လူသားအားလုံး အသွင်တူတယ်ဆိုတာကို ပြသတဲ့အနေနဲ့ ဘာသာပေါင်းစုံမှ လူငယ်များမှ စုပေါင်းလမ်းလျှောက်ပွဲတစ်ခုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

“ကျွန်တော်တို့ နိုင်ငံသားတိုင်းဟာ ပြည်သူအချင်းချင်းပဲ၊ လူသားအားလုံး လူသားချင်းတူရင်  အတူတကွနေထိုင်နိုင်တယ် ဆိုတာကို ကျွန်တော်တို့ ပြသချင်တာ ဖြစ်ပါတယ်။ အသွင်မတူပေမယ့် ကျွန်တော်တို့အားလုံးဟာ တူတူပဲဆိုတာကို ပြသ ချင်တာပါ” ဦးဆောင်ပြုလုပ်မည့် ရန်ကုန်နိုင်ငံရေးသိပ္ပံ မှ ကျောင်းသားတစ်ဦးက ဆိုပါတယ်။

အဆိုပါ လမ်းလျှောက်ပွဲကို ရန်ကုန်နိုင်ငံရေးသိပံ္ပ ကျောင်းသားများမှ ဦးဆောင်ကျင်းပမှာဖြစ်ပြီး “ချစ်ခြင်းနဲ့ လှမ်းတဲ့ ခြေလှမ်းတွေ” ဟု  လမ်းလျှောက်ပွဲကို ခေါင်းစဉ်ပေးထားပါတယ်။ ဘာသာပေါင်းစုံမှ လူငယ်များမှ စုပေါင်းလမ်းလျှောက်ကြမည့်အပြင် ဘာသာပေါင်းစုံမှ အကြီးအကဲများရဲ့ ဟောပြောပွဲများနှင့် ဂီတပညာရှင်တို့ရဲ့ ဖျော်ဖြေပွဲများပါ ပါဝင်မှာ ဖြစ်ပါတယ်။

ထိုလမ်းလျှောက်ပွဲကို မေလ (၁၄) ရက်နေ့ ညနေ (၃) နာရီမှ (၇) နာရီအထိ ဗညားဒလလမ်းပေါ် ဘဟာအီရုံးချုပ်ရှေ့မှ စတင်ပြီး  ဆူးလေ မဟာဗန္ဓုလပန်းခြံအထိ လျှောက်ကြမှာ ဖြစ်ပါတယ်။

ဘာသာပေါင်းစုံမှ ငြိမ်းချမ်းရေးကို လိုလားသူ မည်သူမဆို အဆိုပါ လမ်းလျှောက်ပွဲတွင် ပူးပေါင်းပါဝင်နိုင်ကြောင်းလည်း ဦးဆောင်သူ လူငယ်များမှ လူမှုကွန်ယက်စာမျက်နှာများ၊ မီဒီယာများမှ တစ်ဆင့် နှိုးဆော်ထားပါတယ်။

Leave a Reply