မေ ၂၁၊ ၂၀၁၆
M-Media
– အဆီများများစားလေ့ရှိတဲ့ အမျိုးသားတွေဟာ နေ့လည်နေ့ခင်းတွေမှာ တရေးတမော အိပ်ချင်လာတတ်တယ်လို့ သြစေတးလျနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအသစ်မှာ တွေ့ရှိရပါတယ်။
အသက် ၃၅ နဲ့ ၈၀ ကြား အမျိုးသား ၈၀၀ ခန့်ကို လေ့လာခဲ့တာဖြစ်ပြီး အဆီများများစားသူတွေမှာ နေ့လည်ဘက် ငိုက်မျည်းတတ်တဲ့ ပြဿနာ ပိုတွေ့ရတာကို တွေ့ခဲ့တာဖြစ်ပါတယ်။ အခုလိုဖြစ်ရပ်ရဲ့ ဆက်နွယ်မှုကို ခန္ဓာကိုယ်အလေးချိန်၊ လေ့ကျင့်ခန်းလှုပ်ရှားမှုအဆင့်၊ ဆီးချို ဒါမှမဟုတ် စိတ်ကျရောဂါလို နာတာရှည် ကျန်းမာရေးပြဿနာတွေနဲ့ ချိတ်ဆက်ပြီး ရှင်းပြနိုင်ခြင်း မရှိခဲ့ပါဘူး။
Nutrients ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အဲဒီလေ့လာတွေ့ရှိချက်မှာ အဆီအစိမ့်ကိုယ်တိုင်က ငိုက်မျဉ်းမှုကို ဖြစ်စေလားဆိုတာကိုလည်း သက်သေမပြနိုင်ခဲ့ပါဘူး။
သြစတေးလျ Adelaide တက္ကသိုလ်က ပီအိတ်ခ်ျဒီကျောင်းသားတစ်ဦးဖြစ်တဲ့ ယင်တင်ကို ကတော့ neuro-hormone တစ်ချို့ဟာ အိပ်ငိုက်မှုကိုဖြစ်စေတာကြောင့် ဒီဟော်မုန်းကို ထုတ်ပေးတဲ့ အဆီများတဲ့အစာတွေဟာ နေ့ခင်းဖက်မှာ အိပ်ငိုက်တာမျိုး ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒါကို သိသိကျကျသိရဖို့အတွက် သုတေသနတွေ ဆက်လုပ်ဖို့ လိုမယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။
Ref: IINA
Comments