6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၇၊ ၂၀၁၆
M-Media

turkey 5

– တူရကီနိုင်ငံ အနောက်တောင်ပိုင်းက အပန်းဖြေမြို့ဖြစ်တဲ့ ကူဆာဒါဆီရဲ့ မြို့တော်စည်ပင်သာယာရေး စီမံကိန်း အစိတအပိုင်းတစ်ခုအဖြစ် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ဖို့နဲ့ လူလုပ်သန္တာကျောက်တန်းတစ်ခုအဖြစ် အသုံးပြုဖို့အတွက် Airbus 300 ခရီးသည်တင်လေယာဉ်တစ်စင်းကို အေဂျီယံပင်လယ်အတွင်းမှာ နှစ်မြှုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလေယာဉ်ကို အစ္စတန်ဘူလ်မှာ ဧပြီ ၇ ရက်နေ့စတင်ကာ နှစ်လကြာ စစ်ပစ္စည်းတွေ တစ်စစီဖြုတ်ခဲ့တာဖြစ်ပြီး စနေနေ့က ကူဆာဒါဆီမြို့ကို ယူဆောင်လာတာဖြစ်ပါတယ်။ အရှည် ၅၄ မီတာ အကျယ် ၄၄ မီတာရှိတဲ့ အဲဒီလေယာဉ်ဟာ သန္တာကျောက်တန်းအဖြစ် အသုံးပြုတဲ့ အကြီးမားဆုံးသော လေယာဉ်တစ်ခုဖြစ်ပြီး ကုန်ကျစရိတ် တူရကီငွေ ၂၇၀,၀၀၀ လီရာ ရှိတယ်လို့ သိရပါတယ်။

ဒီလေယာဉ် နှစ်မြှုပ်မှုအတွင်းမှာ ကရိန်းတွေ၊ အဆောက်အဦးဆောက်လုပ်ရာမှာ သုံးတဲ့ အကြီးစား စက်ပစ္စည်းတွေကို အသုံးပြုခဲ့ပြီး ပင်လယ်ရေအောက် ၂၀ ကနေ ၂၅ မီတာအထိကို ရေငုပ်သမားတွေရဲ့အကူအညီရဲ့ ချပေးခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တစ်ခုလုံး ပြီးဆုံးဖို့ ၂ နာရီခွဲလောက် ကြာခဲ့ပါတယ်။

“ဒီစီမံကိန်းနဲ့အတူ ရည်ရွယ်ထားတာကတော့ ကမ်းရိုးတမ်းရေအောက် ဇီဝမျိုးကွဲတွေ များပြားလာစေဖို့နဲ့ ဒေသတွင်း ရေအောက်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာဖို့ ဖြစ်ပါတယ်။ ဒီကမ်းရိုးတန်းကို ပြည်တွင်းနဲ့ ပြည်ပ ကမ္ဘာလှည့်ခရီးသည်တွေ တစ်နှစ် ၂၅၀,၀၀၀ လောက် ရေငုပ်ဖို့လာရောက်ကြပါတယ်” လို့ မြို့တော်ဝန် Özlem Çerçioğlu က ပြောကြားခဲ့ပါတယ်။

Ref: IINA

Tags:

Leave a Reply