ဇွန် ၇၊ ၂၀၁၆
M-Media
– နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဆောင်ဆန်းစုကြည်မှာ ယခုလအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများနှင့် သွားရောက်တွ့ဆုံမည်ဟု သိရသည်။
၃ ရက်တာကြာမြင့်မည့် အဆိုပါခရီးစဉ်ကို ဇွန်လ ၂၃ ရက်နေ့တွင် စတင်မည်ဖြစ်သည်။ ခရီးစဉ်ပထမနေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှာ မဟာချိုင်ဒေသရှိ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများနှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ ဒုတိယနေ့တွင် ထိုင်းအစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။
တတိယနေ့တွင်မူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်စခန်းများကို သွားရောက် ကြည့်ရှုရန် စီစဉ်ထားသည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်မှာ ၂၀၁၂ ခုနှစ်က မာဟာချိုင်ဒေသသို့ သွားရောက်ကာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါဒေသမှ မြန်မာလုပ်သားများမှာ ထိုင်းနိုင်ငံ၏ နာမည်ပျက်ရှိသော ပင်လယ်စာလုပ်ငန်းတွင် ပင်ပန်းကြီးစွာ လုပ်ကိုင်နေရသည်။
Ref: Yangon.coconuts
Comments