6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၂ ၊ ၂၀၁၆
M-Media
လူမင်းဟန်ရေးသည်။
13266069_10208727398289802_8739638258099576130_n
ဘီစီ ၁၃၁ မှာ ရောမဗိုလ်ချုပ် ပျူးဗလီးရက်စ် (Publius) ဟာ ပါဂမတ် (Pergemus) မြို့တိုက်ပွဲမှာ မြို့တံခါးများကို ဖျက်ဖို့ တိုင်လုံးတွေလိုအပ်လာပါတယ်။ တိုက်ပွဲမစခင်ရက်အနည်းငယ်က အေသင် သဘောင်္ဆိပ်မှာ သဘောင်္ရွက်တိုင်ကြီးတွေ ကို တွေ့ထားပြီးသားဆိုတော့ အဲ့ဒီ ရွက်တိုင်တွေထဲက အကြီးဆုံးရွက်တိုင်ကို ပို့ပေးဖို့ အမိန့်ပေးလိုက်ပါတယ်။ဒီအမိန့်ကို လက်ခံရရှိတဲ့ အေသင် ကစစ်တပ်အင်ဂျင်နီယာ က ဗိုလ်ချုပ်ရဲ့အမိန့်ဟာလွဲနေတယ်ဆိုတာ ကောင်းကောင်းသိလိုက်ပါတယ်။ တကယ်တမ်း တိုက်ပွဲမှာလိုတာက အကြီးဆုံးရွက်တိုင်မဟုတ်ပါဘူး။ ပိုပြီးသေးတဲ့ အနေတော် တိုင်လုံးပဲလိုတာပါ။ အင်ဂျင်နီယာဟာ အဲဒီအမိန့်ကိုယူဆောင်လာတဲ့ စစ်သားတွေနဲ့ အပြင်းအထန်ငြင်းခုန်ပါတော့တယ်။ ပိုပြီးသေးတဲ့ တိုင်လုံးတွေဟာ တိုက်ပွဲအတွက် ပိုပြီးသင့်လျော်ကြောင်း၊ သယ်ရပိုးရတာလည်း လွယ်ကူမည်ဖြစ်ကြောင်း ၊ ပိုပြီး သေးတဲ့တိုင်လုံးတွေဟာ မြို့တံခါးကို ဖျက်တဲ့အခါမှာ ပိုပြီး သက်ရောက်မှု့ရှိကြောင်း အခိုင်အမာရှင်းပြပါတယ်။ စစ်သားတွေကတော့ သူတို့ရဲ့ဗိုလ်ချုပ်ဟာ ငြင်းလို့ခုန်လို့ရတဲ့ သူမျိုးမဟုတ်ကြောင်းပြန်ပြောပါတယ်။ ဒါပေမယ့် အင်ဂျင်နီယာက ပြောမရပါဘူး။ ပိုပြီးသေးတဲ့တိုင်လုံးကသာ အသင့်လျော်ဆုံးဖြစ်ကြောင်းကို ပုံတွေဆွဲပြီး အကြောက်အကန် ငြင်းခုန်ပါတော့တယ်။ နောက်ပြီး ဒီလိုနေရာမျိုးမှာ သူက ပိုပြီးကျွမ်းကျင်ကြောင်း၊ ဒါကြောင့်မို့ သူ့အကြံဥာဏ်ကိုသာ လက်ခံသင့်ကြောင်းပြောပြန်ပါတယ်။ စစ်သားတွေက သူတို့ဗိုလ်ချုပ် အကြောင်းသူတို့ အသိဆုံးဖြစ်ကြောင်း ပြန်ရှင်းပြပြီး နောက်ဆုံးမှာ အင်ဂျင်နီယာကို အကြီးဆုံးတိုင်လုံး ကိုသာ ပို့ဖို့အကြောင်း၊ ကိုယ့်ရဲ့ ပညာမာန ကို ခဏ သိမ်းထားဖို့အကြောင်း အသေအချာပြောပြီးပြန်ခဲ့ကြပါတယ်။

သူတို့ပြန်သွားပြီးနောက်မှ အင်ဂျင်နီယာဟာ သေချာပြန်စဉ်းစားပါတယ်။ အလုပ်မဖြစ်မယ့်အမိန့်ကြီးကိုနာခံနေလို့ဘာလုပ်မှာတုန်း။ ဒါကြောင့် နောက်ဆုံးမှာ ပိုပြီးသင့်လျော်မယ်လို့သူယုံကြည်တဲ့ သေးတဲ့တိုင်လုံးတွေကိုသာပို့လိုက်ပါတော့တယ်။ သူပို့လိုက်တဲ့တိုင်လုံးတွေဟာ စစ်ပွဲမှာ ပိုပြီးအသုံးဝင်လိမ့်မယ်၊ ဗိုလ်ချုပ်ဟာလည်း သူ့ရဲ့လုပ်ဆောင်မှု့ကို သဘောကျလိမ့်မယ်၊ သူ့ကိုလည်း ဆုလဘ်တွေပေးလိမ့်မယ်လို့ ယုံကြည်နေတာပေါ့။ တိုင်လုံးတွေ စစ်မြေပြင်ကိုရောက်သွားတဲ့အခါမှာ ဗိုလ်ချုပ်ဟာ ဘယ်နှယ့်ကြောင့် သူမှာတဲ့ တိုင်လုံးအကြီးတွေရောက်မလာပဲ တိုင်လုံးအသေးတွေသာရောက်လာကြောင်း သူ့စစ်သားတွေကို အကြောင်းစုံမေးမြန်းပါတော့တယ်။ စစ်သားတွေကလည်း အင်ဂျင်နီယာက တိုင်လုံးအသေးတွေကသာ ပိုပြီး သင့်လျော်ကြောင်းငြင်းခုန်ပုံ နောက်ဆုံးမှာ တိုင်လုံးအကြီးတွေကိုသာပို့ဖို့ အသေအချာမှာခဲ့ ပုံတွေကို ရှင်းပြကြပါတယ်။ စစ်သူကြီးဟာ အလွန်အမင်းဒေါသထွက်ပြီးတော့ တိုက်ပွဲကို မစဉ်းစားနိုင်တော့ပါဘူး။ မြို့တံခါးကို ဖျက်ဖို့ကိစ္စလည်း မစဉ်းစားနိုင်တော့ပဲ အင်ဂျင်နီယာ ကို ချက်ချင်းဆင့်ခေါ်လိုက်ပါတယ်။

အင်ဂျင်နီယာကလည်း ဗိုလ်ချုပ်ရှေ့ရောက်တဲ့အခါကျ အကြောင်းစုံကို တစ်ခါထပ်ပြီး ရှင်းပြပြန်ပါတယ်။ ဒီလိုကိစ္စမျိုးမှာ ကျွမ်းကျင်သူတွေရဲ့အကြံဥာဏ်ကိုသာ လက်ခံဖို့အကြောင်း၊ သူပို့လိုက်တဲ့တိုင်လုံးတွေကိုသာ အသုံးပြုခဲ့ပါက စစ်သူကြီးအနေနှင့် နောင်တရဖို့ မရှိ ကြောင်းရှင်းပြပါတယ်။ စစ်သူကြီးဟာ သူ့စကားကို အစအဆုံးနားထောင်ပါတယ်။ ပြီးတာနဲ့ အင်ဂျင်နီယာကို ကိုယ်တုံးလုံးချွတ်ပြီး မသေမချင်း တုတ်နဲ့ရိုက်သက်လိုက်ပါတော့တယ်။
************************************************

13239960_10208727399809840_7443774863862112871_nအီတလီနိုင်ငံ၊ ဖလော်ရင့်စ် မြို့က ဘုရားကျောင်းမှာ အလွန်ကြီးမားသော စကျင်ကျောက်တုံးကြီးတစ်တုံးရှိပါတယ်။ ဒီကျောက်တုံးကြီးဟာ တချိန်တုန်းက ပန်းပုထုဖို့ အလွန်ကောင်းတဲ့ ကျောက်တုံးကြီးပါ။ ဒါပေမယ့် မကျွမ်းကျင်တဲ့ ပန်းပု ဆရာတစ်ယောက်က ထုမဲ့ ပန်းပုရုပ်ရဲ့ခြေထောက်နေရာလောက်မှာ အပေါက်ကြီး တစ်ပေါက်မှားပြီး ဖောက်လိုက်မိပါတယ်။ ဒီအပေါက်ကြီးကြောင့် ပန်းပုထုလို့ အလွန်ကောင်းမဲ့ကျောက်တုံးကြီးဟာ ဘာမှလုပ်လို့မရတော့ပဲ ပျက်စီးသွားပါရော ။ ဖလော်ရင့်စ်မြို့တော်ဝန်ဟာ ဒီကျောက်တုံးကြီးကို အသုံးဝင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ အကြိမ်ကြိမ်စဉ်းစားပါတယ်။ ပန်းပုအကျော်ဒါ ဗင်ချီကိုတောင်ခေါ်ပြီး အကြံဥာဏ်တောင်းပါသေးတယ်။ ဒါပေမယ့် အားလုံးက ဘာမှလုပ်လို့မရ တော့တဲ့အကြောင်းတညီတညွတ်တည်း ပြောကြပါတယ်။

နောက်ဆုံးမှာ ဖလော်ရင့်စ်မြို့က လူတွေဟာ ရောမမှာနေတဲ့ မိုက်ကယ်အိန်ဂျလို (Michelangelo) ကိုကျောက်တုံးကြီးအား လာကြည့်ဖို့အကြောင်း လှမ်းပြီး စာရေးလိုက်ပါတယ်။ မိုက်ကယ်အိန်ဂျလိုဟာ ကျောက်တုံးကြီးကို အသေအချာလေ့လာပြီး နောက်ဆုံးမှာ ပန်းပုရုပ်တစ်ခုထုနိုင်ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ မြို့တော်ဝန် က တော့ အယုံအကြည်မရှိပါဘူး။ သက်သက် အချိန်ဖြုန်းတာလို့ပဲထင်ပါတယ်။ ဒါပေမယ့် ပန်းပုထု ဖို့ကိုတော့ သဘောတူလိုက်ပါတယ်။ မိုက်ကယ်အိန်ဂျလိုဟာ ကျောက်တုံးကြီးကို လောက်လွဲကိုင်ထားတဲ့ ဒေးဗစ် ပုံထုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပန်းပုရုပ်ကြီးပြီးခါနီးမှာ မြို့တော်ဝန်ဟာ တစ်ခေါက်လာကြည့်ပါတယ်။ ပြီးတော့ ပန်းပုရုပ်ကြီးဟာ အလွန်လက်ရာမြောက်ကြောင်း ဒါပေမယ့် နှာခေါင်းမှာ ကြီးလွန်းနေကြောင်း ဝေဖန်ပါတယ်။ တကယ်တော့ မြို့တော်ဝန်ဟာ ပန်းပုရုပ်ကြီးရဲ့ အောက်တည့်တည့်မှာ ရပ်နေတာဖြစ်တဲ့အတွက် ပန်းပုရုပ်ဟာ နှာခေါင်းကြီးနေတာလို့ ထင်တာဖြစ်ပါတယ်။ ဒါပေမယ့် မိုက်ကယ်အိန်ဂျလို က ဘာမှ မပြောပဲ တူနဲ့ဆောက်ကို ယူပြီးတော့ ငြမ်းပေါ်တက်သွားပါတယ်။ ပြီးတော့ အရုပ်နှာခေါင်းကို ပြင်ဟန်ဆောင်ပါတယ်။ ကျောက်မှုန်တွေကိုလည်း နည်းနည်းချင်း အောက်ကိုချပြလိုက်ပါတယ်။ တကယ်က သူ အရုပ်နှာခေါင်းကို ဘာမှမလုပ်ပါဘူး။ ပြီးတော့ မြို့တော်ဝန်ရဲ့ အမြင်ကို ထပ်မေးပါတယ်။ ဒီတစ်ခါတော့ မြို့တော်ဝန်က ဘာမှ ပြောစရာမလိုလောက်အောင် အသက်ဝင်ကြောင်း ပြောပြီး ကျေနပ် သွားပါတော့တယ်။

ပထမအဖြစ်အပျက်ထဲက အင်ဂျင်နီယာဟာ သူ့ခေတ်သူ့အခါက အင်မတန်တော်တဲ့ ပညာရှင်တစ်ယောက်ဖြစ်မှာပါ။ တကယ်တမ်းလည်း သူရှင်းပြတာက မှန်ပါတယ်။ သေးတဲ့ တိုင်လုံးဟာ သယ်ရပိုးရတာလွယ်သလို မြို့တံခါးကိုဖျက်တဲ့ အခါမှာလည်း အား ပိုပြီးပါပါတယ်။ ဒီလိုနေရာမျိုးမှာ ကြီးတိုင်းကောင်းတာ မဟုတ်ပါဘူး။ ဒါပေမယ့် အင်ဂျင်နီယာဟာ လောက မှာ အများဆုံးတွေ့ရတဲ့ ငြင်းခုန်သူ အမျိုးအစားထဲမှာပါ ပါတယ်။ စကားလုံးတွေနဲ့ငြင်းခုန်နေတာဟာ တကယ်တမ်းတော့ အလုပ်မဖြစ်ပါဘူး။ ဒီလိုငြင်းခုန်နေတာဟာ ကိုယ့်အထက်လူကြီးရဲ့ အသိပညာကို စိန်ခေါ်ရာလည်း ရောက်သွားတတ်ပါတယ်။

ဒုတိယအဖြစ်အပျက်ထဲက မိုက်ကယ်အိန်ဂျလိုက တော့ လုံးဝမငြင်းခုန်ပါဘူး။ သူထုထားတဲ့ ပန်းပုရုပ်ရဲ့နှာခေါင်းဟာ ကြီးနေတာ မဟုတ်ဘူး၊ မြို့တော်ဝန်ရပ် ကြည့်တဲ့နေရာကသာ မှားနေတာဖြစ်ကြောင်းသူကောင်းကောင်းသိပါတယ်။ ဒါပေမယ့် သူက “ခင်ဗျားရပ်ကြည့်တဲ့နေရာ မှားနေလို့” လို့မပြောပါဘူး။ မြို့တော်ဝန်လည်း စိတ်ကျေနပ်သွားအောင်၊ သူ့ပန်းပုရုပ်လည်း မပျက်စီးရအောင် သူလုပ်နိုင်ခဲ့ပါတယ်။

ဘ၀မှာ ကျတော်တို့လုပ်တဲ့ အလုပ်တွေဟာ ကျတော်တို့ ပတ်ဝန်းကျင်က လူတွေကို ဘယ်အတိုင်းအတာအထိ သက်ရောက်သွားတယ် ဆိုတာ ကြည့်ဖို့လိုပါတယ်။ ငြင်းခုန်ခြင်းဟာ တခြားသူတွေအပေါ်မှာ ဘယ်လိုသက်ရောက်မယ်ဆိုတာ ကျတော်တို့ မသေချာပါဘူး။ အပြင်ပန်းမှာ ကျတော်တို့ ပြောတာကို လက်ခံပြီး ခေါင်းငြိမ့်ပေမယ့်သူတို့စိတ်ထဲမှာ ဘယ်လောက်နာကျည်းသွားမယ်၊ မုန်းသွားမယ်ဆိုတာ ခန့်မှန်းဖို့မလွယ်ပါဘူး။ နောက်ပြီး စကားလုံးတွေဆိုတာ နားထောင်သူရဲ့ စိတ်အခြေအနေပေါ်မူတည်ပြီး အမျိုးမျိုး အဓိပ္ပာယ်ဖွင့်လို့ရပါသေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် ငြင်းကြပြီဆိုရင် ကိုယ့်စကားမှန်ဖို့အတွက် ဘယ်သူမဆို မပြောသင့်တဲ့စကားလား ပြောသင့်တဲ့စကားလားဆိုတာ မဝေခွဲနိုင်တော့ပဲ စိတ်ထဲပေါ်တာတွေ အကုန်လျှောက်ပြော တတ်ကြပါတယ်။ ငြင်းခုန်လို့ ကိုယ့်အယူအဆကိုလက်ခံလာတဲ့လူရယ်လို့ လည်းအင်မတန်ရှားပါတယ်။

ကမ္ဘာ့ အထင်ကရ ဘာသာရေးခေါင်းဆောင်တွေဟာလည်း အယူဝါဒတွေကို ငြင်းခုန်ရန်ဖြစ်ပြီး သူတို့ကို ယုံကြည်လာအောင်လုပ်ခဲ့ကြတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကောင်းမွန်တဲ့ကိုယ်ကျင့်တရားတွေ၊ မှန်ကန်တဲ့စကားလုံးတွေကို သူတို့ကိုယ်တိုင် လက်တွေ့လုပ်ပြ ပြီးစည်းရုံးခဲ့ကြတာပါ။ ဒါကြောင့်လည်း သူတို့ရဲ့သြဇာအာဏာ ဟာ သူတို့မရှိတော့ တဲ့နောက် နှစ်ပေါင်းထောင်ချီတဲ့ အထိတောင် သက်ရောက်နေတုန်းပါပဲ။

ကျတော်တို့ ဒီလိုငြင်းခုန်နေမယ့်အစား ကိုယ့်ရဲ့အယူအဆမှန်တယ်ဆိုတာကို သွယ်ဝိုက်ပြီးသက်သေပြလိုက်တာဟာ ပိုပြီးထိရောက်ပါတယ်။ “အမှန်တရားဆိုတာ အကြားနဲ့ ဆုံးဖြတ်ကြတာမဟုတ်ဘူး၊ များသောအားဖြင့် အမြင်နဲ့သာ ဆုံးဖြတ်ကြတာ” ဆိုတဲ့ စကားလည်းရှိပါတယ်။

၁၆၈၈ မှာ အင်္ဂလိပ်ဗိသုကာပညာရှင် ဆာခရစ်တိုဖာဝရမ်း ဟာ ၀က်မင်နစ်တာ မြို့တော်ခန်းမအတွက် ဒီဇိုင်း ထုတ်ပေးပါတယ်။ ဒါပေမယ့် မြို့တော်ဝန်က သဘောမကျပါဘူး။ ၀ရမ်းရဲ့ ဒီဇိုင်း ထဲက ဒုတိယထပ်ကြမ်းခင်းဟာ မခိုင်ဘူး။ ပြိုကျလိမ့်မယ်လို့ မြို့တော်ဝန်ကထင်ပါတယ်။ ဒါကြောင့် တိုင်လုံးနှစ်လုံး ထပ်ထောက် ဖို့ပြောပါတယ်။ တကယ်တမ်းတော့ မြို့တော်ဝန်ဟာ သက်သက် ကြောက်နေခြင်းသာဖြစ်ပါ တယ်။ တိုင်အပိုတွေ ထပ်ထည့်စရာမလိုပါဘူး။ ဒါပေမယ့် ၀ရမ်း ဟာ မြို့တော်ဝန်နဲ့ မငြင်းခုန်ပါဘူး။ သူပြောတဲ့အတိုင်း တိုင်အပိုနှစ်လုံးထပ်ထည့်ပေးလိုက်ပါတယ်။ နောင်နှစ်ပေါင်းအတော်ကြာမှ သူထည့်ထားတဲ့ တိုင်နှစ်လုံးဟာ အမိုး ကိုထိတောင်မထိပဲ လွတ်နေတယ်ဆိုတာ တွေ့ကြရပါတယ်။ ၀ရမ်း ဟာ သူ့ရဲ့မူလဒီဇိုင်းဟာ ခိုင်မာတယ် အပိုတိုင်နှစ်လုံး မလိုဘူးဆိုတာကို နောက်လာနောက်သားတွေသိအောင် ပြလိုက်တာပါပဲ။

ဘုရားသခင်ဟာ တမန်တော် အေဗရာဟင်ကို သူကိုယ်တိုင် မတောင်းမဆိုမချင်း အသက်ကို မနုတ်သိမ်းဘူးလို့ ကတိ ပေးထားပါတယ်။ အီဗရာဟင်သခင် ရဲ့သတ်မှတ် သက်တမ်းကုန်ဆုံးခါနီးမှာ ဘုရားသခင်ဟာ ကောင်ကင်တမန်တစ်ပါးကို အဖိုးကြီးဟန်ဆောင်စေပြီး အီဗရာဟင်သခင့်ဆီ လွှတ်လိုက်ပါတယ်။ အဖိုးကြီးဟာ အီဗရာဟင်ရဲ့အိမ်ရှေ့မှာရပ်ပြီး “အို… အီဗရာဟင် ငါ့ကို အစားအစာ နည်းနည်းကျွေးပါ” လို့ တောင်းတယ်။ အီဗရာဟင်သခင်ဟာ ဧည့်သည်တွေအတွက် အမြဲတမ်း အစားအသောက်တွေ ဆောင်ထားလေ့ ရှိပါတယ်။ အဖိုးကြီးကို အစားအသောက်တွေချကျွေးပါတယ်။ အဖိုးကြီးဟာ အစားအသောက်တွေကို ယူလိုက်တိုင်း လက်က တုန်တုန်ချိချိဖြစ်နေတာကြောင့် ကြမ်းပေါ်ကို အကုန်ကျကုန်ပါတယ်။ ဒီတော့ အဖိုးကြီးက ထပ်ပြီး “အို… အီဗရာဟင် ငါ့ကို ခွံကျွေးပါဦး “လို့ဆိုပြန်ပါတယ်။ အဖိုးကြီးကို ခွံကျွေးပြန်တော့လည်း ခေါင်းက တုန်နေတဲ့အတွက် ပါးစပ်ထဲမ၀င်ပဲ အစားအသောက်တွေက ရင်ဘတ်ပေါ်ကျတဲ့ဟာကျ မုတ်ဆိတ်ပေါ်ကျတဲ့ဟာကျ နဲ့အကုန်ပွ ကုန်ပြန်ပါတယ်။ ပြီးတဲ့နောက်မှာ အီဗရာဟင်သခင်က အဖိုးကြီး “အသင့်ရဲ့အသက်ဘယ်လောက်ရှိပြီလဲ” လို့မေးလိုက်ပါတယ်။ ဒီအခါမှာ အဖိုးကြီးက အီဗရာဟင်သခင့် အသက်ထက် နည်းနည်းကြီးပြီးပြောလိုက်ပါတယ်။ ဒီအခါမှာ အီဗရာဟင်သခင်က ဘုရားသခင်ဆီ ဆုတောင်းလိုက်ပါတယ်။ “အို… ဘုရားသခင် ကျတော်မျိုးကို ဒီအဖိုးကြီးအရွယ်မရောက်ခင် အရှင့်ဆီခေါ်တော်မူပါ”။ ဒီလိုဆုတောင်းလိုက်တာ နဲ့တပြိုင်နက် ဘုရားသခင်ဟာ အီဗရာဟင်သခင့် အသက်ကို နုတ်သိမ်းတော်မူလိုက်တယ်။

တကယ်ဆို ဘုရားသခင်ဆိုတာ ဘုန်းတော်အစုံ၊ ဂုဏ်တော်အနန္တ နှင့် ပြည့်စုံတော်မူပြီး အာဏာတန်ခိုးအမျိုးမျိုးကိုပိုင်စိုးတော်မူပါတယ်။ ဘုရားသခင်သာ အလိုရှိရင် မိမိ အဏာ၊ မိမိတန်ခိုးနဲ့ အီဗရာဟင်သခင်ကို သူကိုယ်တိုင်တောင်းဆိုလာအောင်လုပ်လို့ရတာပဲ။ ဒါပေမယ့် ဘုရားသခင်ဟာ ငါအာဏာရှိတယ်ဆိုပြီး လုပ်တော်မမူပါဘူး။ ကာယကံရှင်ကိုယ်တိုင် နားလည် သဘောပေါက်လာအောင် ဆောင်ရွက်တော်မူပါတယ်။ ကျတော်တို့လည်း ကိုယ်အာဏာရှိတယ်၊ ငါ အထက်လူကြီး ဆိုပြီး ကိုယ့်လက်အောက် ငယ်သားတွေကို ငြင်းခုန်မယ်၊ ငါ့စကားနွားရ ပြောမယ်ဆိုရင် နောက်ဆုံးမှာ ကိုယ်သာ ကျဆုံးရမယ်ဆိုတာ သင်ခန်းစာယူသင့်ပါတယ်။

**Robert Greene ရဲ့48 Laws of Power စာအုပ်မှ Win through your actions, never through arguments ကို မှီငြမ်းပါသည်။

Tags:

Leave a Reply