ဇွန် ၂၅၊ ၂၀၁၆
M-Media
– အင်ဒိုနီးရှားနိုင်ငံက ဟဂ်ျဘုရားဖူးခရီးသွားဖို့ စောင့်ဆိုင်းနေရတဲ့စာရင်းမှာ လူပေါင်း ၂.၃ သန်းလောက်ရှိနေပြီး လူတစ်ယောက် ဟဂ်ျဘုရားဖူးခရီးသွားနိုင်ဖို့အတွက် ၃၇ နှစ်လောက် စောင့်ရဖို့ရှိနေတယ်လို့ အင်ဒိုနီးရှား ဟဂ်ျနဲ့ အွမ္မရာဆိုင်ရာ ဥက္ကဌ အက်စ်မိုရိုက ပြောကြားလိုက်ပါတယ်။
အစ္စလာမ်ဘာသာဝင် သန်း ၂၂၀ ရှိတဲ့ အင်ဒိုနီးရှားဟာ ကမ္ဘာ့မွတ်စလင်အများဆုံးရှိတဲ့ တိုင်းပြည်ဖြစ်တာနဲ့အညီ ဟဂ်ျပြု လုပ်လိုတဲ့ ပမာဏ ကြီးမားမှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။ အက်စမိုရိုကတော့ ဟဂ်ျပြုလိုသူတွေအနေနဲ့ အစိုးရရဲ့ ဟဂ်ျပြုခွင့်ရသူစာရင်းထဲမှာ ပါဝင်ဖို့ သူတို့ရဲ့ အမည်တွေကို စာရင်းသွင်းထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
“ဟဂ်ျပြုခွင့်ရဖို့စောင့်ရတဲ့ ပျှမ်းမျှကြာချိန်ဟာ ၃၇ နှစ်လောက်ရှိပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်နည်းပြီး သိပ်စောင့်စရာမလိုတဲ့ အွမ္မရာကို လျှောက်ထားသူ ပိုများလာပါတယ်”
အင်ဒိုနီးရှားမှာ ခရီးသွားအေဂျင်စီပေါင်း ၃၅၀၀ လောက်ရှိပေမယ့် အဲဒီအထဲကမှ ၆၆၈ ခုသာ အွမ္မရာခရီးစဉ် ၀န်ဆောင်မှုပေးဖို့အတွက် ခွင့်ပြုချက်ရထားတယ်လို့ အက်စ်မိုရိုက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဟဂ်ျခရီးစဉ်ဝန်ဆောင်မှုပေးဖို့ ဆော်ဒီ ဟဂ်ျနဲ့ အွမ္မရာဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ခရီးသွားအေဂျင်စီတွေကတော့ ၂၀၀ လောက်သာရှိပါတယ်။
Ref: IINA
Comments