ဇွန် ၂၅ ၊ ၂၀၁၆
ရွေးလက်ယာ အင်စတီကျုမှ ကျင်းပသော သဟဇာတကမ်ပိန်း (ရမသွာန် ဝါဖြေပွဲ) ကို Bars, MIT မှ ကျောင်းသူ ကျောင်းသားက ရန်ကုန်မြို့ ဇဗဲရှားရ် ဂူဗိမာန်ဒါဂါရ် ဝတ်ကျောင်းတော်တွင် တက်ရောက်ခဲ့ကြသည်။
.
Bars, MIT မှ ကျောင်းသူ ကျောင်းသားများ ဝတ်ပြုကျောင်းဆောင်အတွင်း လှည့်လည်လေ့လာခဲ့ကြပြီး ဆရာဘီးလားလ် ရန်နိုင်နှင့် ဆရာဦးကျော်ဝင်းတို့က ကျောင်းသား/ကျောင်းသူများ အစ္စလာမ်ဘာသာနှင့် ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းသော မေးခွန်းများကို ပြန်လည်ဖြေဆိုရင်း ဆွေးနွေးခဲ့ကြပြီး ရမာဇာန်လ ဝါဖြေပွဲကို Bars, MIT မှ ကျောင်းသူ ကျောင်းသားနှင့် အတူတကွ ဆင်နွဲခဲ့ကြသည်။
အဆိုပါ သဟဇာကမ်ပိန်းကို အစ္စလာမ်ဘာသာဝင်တွေရဲ့ သာသနိက အဆောက်အအုံကို လေ့လာလို့ရအောင် နှင့် ရမသွာန် ဥပုသ်လအကြောင်းကို ကျောင်းသားတွေ အနီးကပ်သိရှိလေ့လာဖို ၊ဘာသာတစ်ခုနဲ့ပတ်သတ်ပြီး သိဖို့ ငြိမ်းချမ်းစွာ အတူယဥိတွဲနေထိုင်ဖို့ အထောက်အကူဖြစ်အောင် ရည်ရွယ်၍ ကျင်းပပြုလုပ်ကြောင်းသိရှိရပါတယ်။
ဓာတ်ပုံ – မိုးစက် (M-Media)
ဓါတ်ပုံအားလုံး ကြည့်ရန်==>
Comments