ဇွန် ၂၇၊ ၂၀၁၆
M-Media
– ယမန်နေ့က ကစားခဲ့သည့် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် အိုင်ယာလန်အသင်းအား အနိုင်ရရှိရန် မိမိတို့အနေဖြင့် အသည်းအသန် ကြိုးပမ်းခဲ့ရပြီး၊ အသင်း၏ အားထုတ်မှုမှာ လူများ၏ရင်ထဲကို ရောက်ရှိနိုင်သည့် အားထုတ်မှုမျိုး ဖြစ်သည်ဟု ပြင်သစ်နည်းက ဒီဒီယာ ဒက်စ်ချမ့်က ပြောကြားလိုက်သည်။
ထိုပွဲတွင် ပြင်သစ်မှာ ပွဲအစမှာပင် ပင်နယ်တီပေးခဲ့ရကာ နောက်မှ လိုက်ကစားခဲ့ရသည်။ သို့သော်လည်း အက်သလက်တီကိုတိုက်စစ်မှူး အန်တိုနီ ဂရီဇ်မန်း၏ ဂိုး ၂ ဂိုးကြောင့် ပြင်သစ်မှာ နောက်ဆုံးတွင် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
ဒက်စ်ချမ့်ကမူ အသင်းကို ချီးကျူးခဲ့သည်။
“ဒီပွဲဟာ ခက်ခဲမယ်လို့ ကျွန်တော် သိခဲ့ပါတယ်။ ပြီးတော့ အိုင်ယာလန်က ဦးဆောင်ဂိုးရသွားတာဟာ ပထမပိုင်းမှာ ကျွန်တော်တို့ကို ကသိကအောက် ဖြစ်စေခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ တုန့်ပြန်မှုကောင်းခဲ့ပြီး ကစားသမားတွေဆီကလည်း စိတ်အားထက်သန်မှု တော်တော်များများကို တွေ့ခဲ့ရပါတယ်။ ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းပြီး ဒီအခြေအနေကို ကျော်ဖြတ်ဖို့ ကျွန်တော်တို့ အသည်းအသန် ကြိုးပမ်းခဲ့ရတာပါ” ဟု ဒက်စ်ချမ့်က ပြောကြားခဲ့သည်။
ထို့ပြင် ယခုနှစ် ယူရိုပြိုင်ပွဲတွင် အားလုံးပြည့်စုံသည့်အသင်းကို မတွေ့ရှိရသေးဘဲ၊ ညီတူညီမျှဖြစ်နေသည့် ပြိုင်ပွဲတစ်ခုဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref: Goal
Comments