ဇူလိုင် ၄၊ ၂၀၁၆
M-Media
– ယူရိုဆီးမီးဖိုင်နယ်တွင် တွေ့ဆုံမည့် ဂျာမနီအသင်းအား ၂၀၁၄ ကမ္ဘာ့ဖလားအရှုံးအတွက် လက်စားချေရန် မိမိတို့အသင်းက ဆန္ဒပြင်းပြနေသည်ဟု ပြင်သစ်တိုက်စစ်မှူး ဂျရူးက ပြောကြားလိုက်သည်။
ယနေ့မနက်က အိုက်စလန်အသင်းနှင့် ကစားခဲ့သည့် ကွာတားဖိုင်နယ်တွင် ပြင်သစ်မှာ ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဂျရူးက ၂ ဂိုး၊ ပေါ့ဘာ၊ ပါယတ်နှင့် ဂရစ်ဇ်မန်းတို့က ၁ ဂိုးစီ အသီးသီး သွင်းယူပေးနိုင်ခဲ့သည်။ ပြင်သစ်မှာ ၂၀၁၄ ခုနှစ် ဘရာဇီးလ်ကမ္ဘာဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဂျာမနီအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ ထွက်ခဲ့ရသည်။
ဂျရူးကမူ ယနေ့မနက်အနိုင်အတွက် ပျော်ရွှင်မိပြီး ဆီးမီးဖိုင်နယ်တွင် ဂျာမနီအား လက်စားချေမည်ဟု ဆိုသည်။
“၂၀၁၄ မှာ ဖြစ်ခဲ့တာကို အဖတ်ပြန်ဆယ်ဖို့ ကျွန်တော်တို့ စိတ်အားထက်သန်နေပါတယ်။ နိုဝင်ဘာ ခြေစမ်းပွဲတုန်းက ဒီမှာ ကျွန်တော်တို့ သူတို့ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရထားဖူးပါတယ်။ ဒါပေမယ့် အခုတွေ့ဆုံမှုကတော့ တူမှာမဟုတ်ပါဘူး။ အိုက်စလန်နဲ့ပွဲမှာ တက်ကြွခဲ့ကြတဲ့ ပြင်သစ်ပရိသတ်တွေဟာ ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် ဆက်လက်အားပေးကြမှာပါ။ အိမ်ကွင်းပရိတ်သတ်ရှေ့မှာ ဆီးမီးဖိုင်နယ် ကစားခွင့်ရခဲ့တာ ကျွန်တော်တို့အတွက် ကံကောင်းမှုတစ်ခုပါပဲ” ဟု ဂျရူးက ပြောကြားခဲ့သည်။
Ref : Goal
Comments