ဇူလိုင် ၄၊ ၂၀၁၆
M-Media
– တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နိုင်ငံက ပိုင်ဆိုင်ကြောင်း နိုင်ငံတကာတရားရုံးမှာ တိုင်ကြားထားတဲ့ ကျွန်းစုအနီးမှာ တရုတ်က စစ်ရေးလေ့ကျင့်မယ်လို့ သိရပါတယ်။
ပါရာဆဲလ်ကျွန်းစုဖြစ်ပြီး တရုတ်ဟာ ဇူလိုင်လ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ အဲဒီကျွန်းတစ်ဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတွေ ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲဒီလေ့ကျင့်မှုဧရိယာဟာ တရုတ်ဟိုင်နန်ကျွန်း အရှေ့ခြမ်းကနေ ပါရာဆဲလ်ကျွန်းစုတွေအထိ ရောက်ရှိမှာဖြစ်ပါတယ်။
စစ်ရေးလေ့ကျင့်နေစဉ်အတွင်း အဲဒီရေပြင်ထဲကို အခြားသော သင်္ဘောတွေ ၀င်ရောက်ခြင်းကို တားမြစ်ထားမှာဖြစ်တယ်လို့ တရုတ်က သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီ ပါရာဆဲလ်ကျွန်းစုတွေကို ဗီယက်နမ်နဲ့ ထိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်ကြောင်း တောင်းဆိုထားပါတယ်။
ပါရာဆဲလ်ကျွန်းစုရဲ့ ၀ူဒီကျွန်းမှာ တရုတ်က လေယာဉ်ပြေးလမ်းတစ်ခု ဆောက်လုပ်ထားပြီး မြေပြင်ကဝေဟင်ပစ်ဒုံးကျည်ကိုလည်း ချထားတယ်လို့ အမေရိကန်က ပြောထားပါတယ်။ တရုတ်ကတော့ နိုင်ငံအတော်များများက ပိုင်ဆိုင်တယ်လို့ ကြေငြာမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ စစ်ရေးလေ့ကျင့်မှုတွေကို ပုံမှန်ပြုလုပ်နေပါတယ်။
Ref : Presstv
Comments