ဇူလိုင် ၆ ၊ ၂၀၁၆
M-Media
သတင်း-မျိုးကျော်စိုး
.
People And Police Media Group ဖြင့် ပြုလုပ်ထားသော Facebook Page တခုတွင် ပြစ်မှုသတင်း တခုကို ဖော်ပြရာ၌ ပြစ်မှု ကျူးလွန်သူဟု ယူဆရသူ၏ ကိုးကွယ်ရာ ဘာသာတရားများကို ထည့်သွင်းရေး ဖော်ပြခဲ့သည့်ကို တွေ့ရှိရပါတယ်။
.
အဆိုပါစာမျက်နှာမှာ ရဲတပ်ဖွဲ့ နှင့် သက်ဆိုင်သည့် ပြစ်မှုရေးရာ သတင်းများကို အများဆုံးဖော်ပြလေ့ရှိပြီး ရဲဇာနည် ကဲ့သို့ တရားဝင် FB စာမျက်နှာများ၌ မထုတ်ပြန်သည့် ပြစ်မှု ဆိုင်ရာ သတင်းများကိုပါ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။
.
ယခင် အစိုးရ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ ပြစ်မှုဆိုင်ရာ သတင်း ဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး အမှုနဲ့ သက်ဆိုင်မှု မရှိရင် ကျူးလွန်သူရဲ့ လူမျိုး၊ ဘာသာ အလုပ်အကိုင်တွေကို ဖော်ပြဖို့ မလိုဘူးလို့ သူကိုယ်ပိုင် ဆိုရှယ်မီဒီယာ စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ဘူးပါတယ်။
.
ရဲတပ်ဖွဲ့ ၊ အစိုးရပြန်ကြားရေး နှင့် နာမည်ကြီးပုဂ္ဂလိက သတင်းစာများ၌ ပြစ်မှုဆိုင်ရာ သတင်းများထုတ်ပြန်ရာတွင် ပြစ်မှုကျူးလွန်သူမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ပါက သိသာ ထင်ရှားအောင် မှတ်ပုံတင်၌ မပါရှိသည့် ဘာသာရေး ဆိုင်ရာ အမည်များကိုပါ ထည့်သွင်းပြီး သတင်းထုတ်ပြန်လေ့ရှိတာကို မကြာခဏ တွေ့ရှိရပါတယ်။
.
၂၀၁၂ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံအတွင်း လူမျိုးရေး/ဘာသာရေး အခြေခံသည့် မုန်းတီးရေး ပြောဆိုမှုများ၊ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အစိုးရသစ် တက်လာပြီးသည့် တိုင်အောင် ဖြစ်ပွားနေစဲဖြစ်ပါတယ်။
Comments