သြဂုတ် ၂၊ ၂၀၁၆
M-Media
– ပရီးမီးယားလိဂ်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများက အရည်အသွေးမြင့်နည်းပြများ အလုံးအရင်းနှင့် ၀င်ရောက်လာသည့် အကြောင်းအရင်းဖြစ်သည်ဟု လီာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ပြောကြားလိုက်သည်။
ဒေါ့မွန်နည်းပြဟောင်း ကလော့ပ်မှာ ပြီးခဲ့သည့် ဘောလုံးရာသီက လီဗာပူးလ်နည်းပြ ဘရန်ဒန် ရော်ဂျာ၏နေရာအား အစားထိုး ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၎င်း၏နောက်တွင် ဂွါဒီယိုလာနှင့် အန်တိုနီယိုကွန်တီတို့ကဲ့သို့ အရည်အသွေးမြင့် နည်းပြများလည်း မန်စီးတီးနှင့် ချယ်ဆီးသို့ ရောက်ရှိလာခဲ့ကြသည်။
ပြီးခဲ့သည့်ရာသီတွင် ချယ်ဆီးမှ အထုတ်ခံခဲ့ရသည့် မော်ရင်ဟိုကလည်း နိုင်ငံရပ်ခြားမှ ကမ်းလှမ်းမှုများကို ပယ်ချခဲ့ကာ မန်ယူအသင်းတွင် နည်းပြအဖြစ် ပြန်လည်ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ယခုရာသီ ပရီးမီးယားလိဂ်မှာ ထိပ်တန်းနည်းပြများ အားပြိုင်ရာနေရာ ဖြစ်လာမည်ဖြစ်သည်။
“ပရီးမီးယားလိဂ်ဖလားကို ရရှိရေးဆိုတာ နည်းပြအားလုံးအတွက် အကြီးမားဆုံး စိန်ခေါ်မှုပါပဲ။ တစ်ခြားလိဂ်တွေထက်စာရင် ပရီးမီးယားလိဂ်မှာ ဖလားချိန်နိုင်တဲ့အသင်းက အများဆုံးရှိနေပါတယ်။ အကြီးမားဆုံးစိန်ခေါ်မှုတွေကို ရှာဖွေချင်ရင်တော့ အင်္ဂလန်ကိုသွားဖို့ လိုအပ်ပါလိမ့်မယ်။ ဒီမှာက တစ်ခြားနိုင်ငံတွေနဲ့ လုံးဝ ခြားနားပါတယ်။ နည်းပြတွေဟာ လွယ်တဲ့အလုပ်ကို လိုချင်တာမဟုတ်ပါဘူး။ ဒီလို စိန်ခေါ်မှုရှိတဲ့အလုပ်ကို လုပ်ချင်တာပါ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။
Ref: Goal
Comments