6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၄၊ ၂၀၁၆
M-Media

is

– အသက် ၁၂ အရွယ်ရှိ ပါလက်စတိုင်းကလေးငယ်များကို အကြမ်းဖက်သမားပုဒ်မတပ်ကာ ဖမ်းဆီးအကျဉ်းချနိုင်မည့် ဥပဒေတစ်ခုကို အစ္စရေးလွှတ်တော်က အတည်ပြုလိုက်သည့်အတွက် လူ့အခွင့်အရေးအဖွဲ့များက ရှုတ်ချလိုက်သည်။

Youth Bill ဟု အမည်ပေးထားသည့် အဆိုပါဥပဒေမှာ လူသတ်မှု၊ လူသတ်ရန်ကြိုးစားမှုတို့ကဲ့သို့ ပြစ်မှုကြီးများကို ကျူးလွန်သော ကလေးငယ်များကို အသက် ၁၄ နှစ်မပြည့်သေးလျှင်လည်း ထောင်သွင်းအကျဉ်းချနိုင်မည်ဟု အစ္စရေးအစိုးရက ယမန်နေ့တွင်ထုတ်ပြန်သော ကြေငြာချက်၌ ဖော်ပြထားသည်။

အစ္စရေးလူ့အခွင့်အရေးအဖွဲ့ B’Tselem ကမူ ထိုဥပဒေနှင့် အစ္စရေးက ပါလက်စတိုင်းလူငယ်များအား ဖိနှိပ်ချုပ်ချယ်မှုတို့ကို ဝေဖန်လိုက်သည်။

“သူတို့ကို ထောင်ထဲပို့မယ့်အစား စာသင်ကျောင်းကိုပို့တာက ပိုကောင်းပါတယ်။ အစ္စရေးရဲ့ကျူးကျော်သိမ်းပိုက်မှုမရှိတဲ့ အဲဒီမှာ သူတို့ဟာ ဂုဏ်သိက္ခာရှိရှိနဲ့ လွတ်လွတ်လပ်လပ် ရှင်သန်ကြီးထွားနိုင်မှာ ဖြစ်ပါတယ်။ ကလေးငယ်တွေကို ဒီလို ထောင်သွင်းအကျဉ်းချတာဟာ သူတို့ရဲ့ ပိုကောင်းတဲ့အနာဂတ် ဖြစ်တည်ခွင့်ကို ငြင်းပယ်လိုက်တာပါပဲ” ဟု အဖွဲ့မှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖ်ာပြထားသည်။

အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင်နက်များတွင် စစ်ဥပဒေကို ကျင့်သုံးနေပြီး ထိုဥပဒေအရ အသက် ၁၂ အရွယ် ပါလက်စတိုင်းကလေးငယ်များအား ထောင်သွင်းအကျဉ်းချမှုကို ခွင့်ပြုထားသည်။

ပါလက်စတိုင်းပိုက်နက်ရှိ အလ်အက်ဆွာဗလီဝတ်ကျောင်းတော်အတွင်းသို့ အစ္စရေးတပ်ဖွဲ့များနှင့် တရားမ၀င်ခြေခချနေထိုင်သည့် ဂျူးများက ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် ပြီးခဲ့သည့်အောက်တိုဘာလမှစ၍ မြင့်တက်လာခဲ့သည့် တင်းမာမှုအတွင်း အစ္စရေးစစ်တပ်နှင့် တရားမ၀င်အခြေချနေထိုင်သူများ၏ သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၂၁၉ ဦး သေဆုံးခဲ့သည့် ပါလက်စတိုင်း၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ အစ္စရေးအရေအတွက်မှာ ၃၄ ဦး ရှိသည်။

အစ္စရေးအကျဉ်းထောင်များ၌ လက်ရှိတွင် ပါလက်စတိုင်းကလေးငယ်ပေါင်း အနည်းဆုံး ၄၁၄ ဦး ရှိနေသည်။

Ref: Aljazeera

Tags:

Leave a Reply