သြဂုတ် ၇၊ ၂၀၁၆
M-Media
– စစ်တပ်က ရေးဆွဲထားပြီး လာမည့်၂၀၁၇ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲလုပ်နိုင်ရန် လမ်းဖွင့်ပေးမည့် အခြေခံဥပဒေ ပြည်သူဆန္ဒခံယူပွဲကို ထိုင်းပြည်သူများက ယနေ့တွင် မဲပေးမှုများ စတင်ပြုလုပ်နေပြီဟု သိရသည်။
အဆိုပါ ပြည်သူဆန္ဒခံယူပွဲမှာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ၀န်ကြီးချုပ်ဖြစ်လာခဲ့သည့် စစ်တပ်အကြီးအကဲဟောင်း ပရာယွတ်ချန်အိုချာအား ပြည်သူလူထု၏ နှစ်သက်မှုကို ဆန်းစစ်သည့် ပြည်သူ့ဆန္ဒခံယူပွဲလည်း ဖြစ်သည်။ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နောက်တက်လာမည့် အစိုးရမှာ စစ်တပ်က သတ်မှတ်ထားသည့်အတိုင်း တိုင်းပြည်အား အုပ်ချုပ်ရမည်ဖြစ်သည်။
ပြည်သူ့ဆန္ဒခံယူပွဲ ရလဒ်များမှာ ယနေ့ည ဒေသစံတော်ချိန် ၈ နာရီဝန်းကျင်တွင် ထွက်ဖွယ်ရှိနေပြီး မဲပေးမှု မပြုလုပ်ခင် စစ်တမ်းကောက်ယူမှုများအရ အဆိုပါ အခြေခံဥပဒေကို ထောက်ခံသည့် မဲအရေအတွက်က အနည်းငယ်များနေသည်။
ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကမူ ပြည်သူများက ထိုဖွဲ့စည်းပုံကို ငြင်းပယ်လည်း မိမိနေဖြင့် ရာထူးမှ နှုတ်ထွက်သွားမည်မဟုတ်ဘဲ လာမည့်နှစ်တွင် ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ပြုလုပ်သွားမည်ဟု ပြောကြားထားသည်။
Ref: Channlelnewasia
Comments