News @ M-Media

အစ္စလာမ်နဲ့ပတ်သက်သည့် ယူဆချက် အမှားများကို ဖြေရှင်းပေးသည့် အမေရိကန်မှ နှီးနှောဖလှယ်ပွဲ

သြဂုတ် ၁၂၊ ၂၀၁၆
M-Media

101

– မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများကြောင့် အစ္စလာမ်နှင့် မွတ်စလင်များအပေါ် အထင်မှားအမြင်မှား ဖြစ်နေမှုအား ဖြေရှင်းရန် ရည်ရွယ်သည့် အသိပညာပေး နှီးနှောဖလှယ်ပွဲတစ်ခုကို အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ် နက်ရှ်ဗီလီမြို့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

Islam 101 ဟု အမည်ပေးထားပြီး မည်သူမဆို တက်ရောက်ပါဝင်နိုင်သည့် အဆိုပါအခမ်းအနားကို ဗုဒ္ဓဟူးနေ့က ‘နက်ရှ်ဗီလီ အစ္စလာမ့်စင်တာ’ တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်သာသနာနှင့်ပတ်သက်၍ ယူဆချက်အမှားများကို ရှင်းလင်းပြင်ဆင်ပေးခဲ့ကြသည်။

“သတင်းအချက်အလက်မှားတွေ တော်တော်များများ ပြန့်နှံ့နေတဲ့ ဒီနေ့လို အချိန်မျိုးမှာ ဒီလိုပွဲမျိုးတွေဟာ အရေးကြီးတယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်။ လမ်းကြောင်းမှန်ပြဖို့လည်း အရေးကြီပါတယ်” ဟု စင်တာ၏ ဥက္ကဌဖြစ်သူ ရာရှက်ဒ် ဖာကာရူဒင်က ပြောကြားခဲ့သည်။

ထိုနှီးနှောဖလှယ်ပွဲသို့ လူအဖွဲ့အစည်းပေါင်းစုံမှာ အသက်ရွယ်ပေါင်းစုံ တက်ရောက်ခဲ့ကြပြီး ဖာကာရူဒင်ကမူ အစ္စလာမ်သာသနာ၏ အခြေခံကျင့်သုံးမှုများနှင့် ယုံကြည်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

နက်ရှ်ဗီလီမြို့တွင် အစ္စလာမ်ဘာသာဝင်ပေါင်း ၃၀၀၀၀ ခန့် နေထိုင်သည်ဟု ခန့်မှန်းထားပြီး ထိုကဲ့သို့ အသိပညာပေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်ခြင်းအားဖြင့် အစ္စလာမ်သာသနာနှင့်ပတ်သက်၍ လူအများအပြား ပိုမိုလေ့လာသင်ယူနိုင်မည့် အခွင့်အလမ်း ရရှိမည်ဟု ၎င်းက မျှော်လင့်နေသည်။

တက်ရောက်လာသူများကလည်း ထိုကဲ့သို့ အခမ်းအနားများက အလွန်ကောင်းမွန်သည့် သင်ကြားမှုအခွင့်အလမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်

“ကျွန်တော် အထက်တန်းကျောင်းသားဘ၀မှာ ဘာသာတရားကို လေ့လာခဲ့ပါတယ်။ ဒါပေမယ့် အစ္စလာမ်နဲ့ပတ်သက်ပြီးတော့ အတန်းမရှိပါဘူး။ ကျွန်တော် ပိုပြီး သင်ယူချင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ဆိုတာ အခုအချိန် ကမ္ဘာကြီးမှာ အင်မတန် အရေးကြီးနေပါတယ်” ဟု နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့သည်ာ့ ပေတန် ၀ီလီယံက ပြောကြားခဲ့သည်။

Ref: IINA

Comments

Leave a Reply