6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၆၊ ၂၀၁၆
M-Media

holly

– ဟောလီးဝုဒ်မှ နာမည်ကြီး သရုပ်ဆောင်နှင့် ထုတ်လုပ်သူ ရောဘတ်ဒီနေရိုးက ရီပက်ဘလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်း ဒေါ်နယ်ထရမ့်မှာ လုံးဝရူးနှမ်းနေသည့်အတွက် သမ္မတနေရာအတွက် ၀င်မပြိုင်သင့်ဟု ပြောကြားလိုက်သည်။

“သူပြောနေတာတွေက လုံးဝအဓိပ္ပါယ်မရှိ အရူးစကားတွေပါပဲ၊ သူကတော့ လုံးဝရူးသွပ်နေပါပြီ” ဟု ၎င်းပါဝင် သရုပ်ဆောင်ထားသည့် Taxi Driver ဇာတ်ကားအား ဆာရာယေဗိုမြို့တွင် မိတ်ဆက်သည့်အခမ်းအနား၌ ပြောကြားခဲ့သည်။

“ဒေါ်နယ်ထရမ့်လိုလူမျိုး ရူးနေတာလားဆိုတာ ကျွန်တော် မသိပါဘူး။ သူက ဒီလိုနေရာမျိုးမှာ ရှိမနေရပါဘူး။ ဘုရားသခင် ကျွန်တော်တို့ကို ကူညီတော်မူပါ။ ဒါပေမယ့် သူတို့ကလည်း အခုအချိန်မှာ ပြန်လည်တုန့်ပြန်ဖို့ စတင်နေကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ နောက်ဆုံးမှာတော့ မီဒီယာတွေကိုယ်တိုင်က ‘ဒေါ်နယထရမ့်ရေ- ခင်ဗျားပြောတာတွေက သောက်အဓိပ္ပါယ်မရှိတာတွေဗျ။ ပေါက်ကရတွေဗျ’ လို့ ပြောကြတော့မှာပါ” ဟု ဒီနေးရိုးက ဆာရာယေဗို အမျိုးသားကဇာတ်ရုံ၌ ပရိတ်သတ်များအား ပြောကြားခဲ့သည်။

အသက် ၇၃ နှစ်အရွယ်ရှိ ဒီနေရိုးမှာ သောကြာနေ့က ၂၂ ကြိမ်မြောက် ဆာရာယေဗို ရုပ်ရှင်ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ပြီး၊ ၎င်း၏ ရုပ်ရှင်လောကအား ကူညီပေးမှုများအတွက် တစ်သက်တာ အအောင်မြင်ဆုံး ရုပ်ရှင်မင်းသားအဖြစ် ဂုဏ်ပြုခံခဲ့ရသည်။

Ref : IINA

Tags:

Leave a Reply