သြဂုတ် ၂၃၊ ၂၀၁၆
M-Media
– ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွက် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ရန် ဂျော်ဒန်ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) တို့က သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။
ဂျော်ဒန်ကျန်းမာရေးဝန်ကြီး မာမွတ်အလ်ရှိုင်ယစ်ဘ်နှင့် ဂျော်ဒန်ဆိုင်ရာ WHO ကိုယ်စားလှယ် ခရစ္စတီးနား ပရိုဖလီတို့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးတွင် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လိုအပ်ချက်များအရ မြောက်များစွာသော ကျန်းမာရေးစီမံကိန်းများကို အကောင်အထည်ဖော်ရေး အထွေထွေနှင့် အဖွဲ့လိုက်ဆိုင်ရာ မူဘောင်သတ်မှတ်ချက်တစ်ခု ပါဝင်သည်ဟု ပြောကြားခဲ့သည်။
အဓိက ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများနှင့် ကျန်မာရေးစနစ်များ အားကောင်းလာစေရေး၊ တိုးတက်စေဖွံ့ဖြိုးစေရေးတွင် အဆိုပါ သဘောတူညီချက်မှတစ်ဆင့် အကောင်အထည်ဖော်သွားမည့် ကျန်းမာရေး စီမံကိန်းများ အရေးကြီးမှုကိုလည်း ၎င်းတို့က ထောက်ပြခဲ့သည်။
ဂျော်ဒန်ကျန်းမာရေးဝန်ကြီးကမူ ကျန်းမာရေးစီမံကိန်းများစွာ အကောင်အထည်ဖော်ပေးမည့် WHO ၏ အားပေးကူညီ မှုအတွက် မိမိတို့အနေဖြင့် ကျေနပ်အားရမိကြောင်း ပြောကြားခဲ့သည်။
Ref : IINA
Comments