သြဂုတ် ၂၈၊ ၂၀၁၆
M-Media
– ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာတော့ ချန်ပီယံလက်စတာနဲ့ အာဆင်နယ်တို့ နိုင်ပွဲစရခဲ့ပြီး အသင်းကြီးအများစုလည်း ၃ မှတ်အပြည့် ရယူနိုင်ခဲ့ပါတယ်။
အဖွင့်ပွဲမှာ ဟားလ်စီးတီးကိုရှုံး၊ ဒုတိယပွဲမှာ အာဆင်နယ်ကို သရေကျခဲ့တဲ့ လက်ရှိချန်ပီယံတို့ အိမ်ကွင်းမှာကစားခဲ့တဲ့ ဆွမ်းဆီးနဲ့ပွဲမှာတော့ အမှားအယွင်းမရှိခဲ့ပါဘူး။ အနိုင်ရဖို့ ကြိုးစားခဲ့တဲ့ လက်စတာတို့ ဂိုးသွင်းခွင့် ၁၃ ကြိမ်အထိ ရရှိခဲ့ပြီး ဂိုးတွေကိုတော့ ၃၂ မိနစ်မှာ ဗာဒီနဲ့ ၅၂ မိနစ်မှာ ၀က်စ်မော်ဂန်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ၅၆ မိနစ်မှာ ပင်နယ်တီ ရခဲ့ပေမယ့် မဟ်ရက်ဇ်ရဲ့ကန်သွင်းမှုကို ဆွမ်ဆီးဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပါတယ်။
ချယ်ဆီးကတော့ အိမ်ကွင်းမှာ ဘန်လေကို အစစအရာရာ အသာစီးကစားနိုင်ခဲ့ပြီး ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဂိုးတွေကိုတော့ ဟဇာ့ဒ်၊ ၀ီလီယံနဲ့ ဗစ်တာမိုးဇက်တို့က သွင်းယူပေးခဲ့တာပါ။
တစ်ပွဲရှုံး တစ်ပွဲသရေနဲ့ အဖွင့်မလှခဲ့တဲ့ အာဆင်နယ် ၀က်ဖို့ဒ်ကွင်းမှာ အနိုင်ရခဲ့တယ်ဆိုပေမယ့် အိမ်ရှင်ရဲ့ ဖိအားပေးမှုကို ကြံ့ကြံ့ခံခဲ့ရတာဖြစ်ပါတယ်။ အနိုင်ဂိုးတွေကိုတော့ ပထမပိုင်းမှာတင် ရခဲ့ပြီး ကာဇိုလာက ၉ မိနစ်မှာ ပင်နယ်တီ၊ ဆန်းချက်ဇ်၊ အိုဇေးလ်တို့က ၄၀ နဲ့ ၄၅ မိနစ်တွေမှာ သွင်းခဲ့တာဖြစ်ပါတယ်။
အဖွင့်ပွဲ ၂ ပွဲစလုံးကို ခြေစွမ်းပြ အနိုင်ယူထားတဲ့ ဟားလ်စီးတီးကို အဝေးကွင်းမှာ ရင်ဆိုင်ရတဲ့ မော်ရင်ဟိုရဲ့ မန်ယူ ဘောလုံးပိုင်ဆိုင်မှု ရာခိုင်နှုန်း ၆၀ ကျော်ခဲ့ပြီး ဂိုးသွင်းခွင့် ၂၉ ကြိမ်တိတိ ရခဲ့ပေမယ့် လူစားဝင်ကစားသမား ရက်ရှ်ဖို့ဒ်ရဲ့ နောက်ဆုံးမိနစ်ဂိုးနဲ့ အနိုင်သေချာခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်က ဦးဆောင်ဂိုးရခဲ့ပေမယ့် မထိန်းနိုင်ခဲ့တာကြောင့် စပါးကို ၁ ဂိုးစီ သရေကျခဲ့ပြီ၊ မန်စီးတီးကတော့ ပထမပိုင်းမှာ စတာလင်၊ ဦးဆောင်ဂိုး ၂ ဂိုး ရခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၀က်စ်ဟမ်းကို တစ်ဂိုး ပြန်ပေးခဲ့ရပေမယ့် နာကျင် အချိန်ပိုမှာ စတာလင်က သူ့ရဲ့ ဒုတိယမြောက်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ၃ ဂိုး ၁ ဂိုးနဲ့ ၃ မှတ်ယူနိုင်ခဲ့ပါတယ်။
ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃ ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
စပါး ၁-၁ လီဗာပူးလ်
ချယ်ဆီး ၃-၀ ဘန်လေ
ခရစ္စတယ်ပဲလေ့စ် ၁-၁ ဘုန်းမောက်
အဲဗာတန် ၁-၀ စတုတ်
လက်စတာ ၂-၁ ဆွမ်ဆီး
ဆောက်သက်တမ် ၁-၁ ဆန်းဒါးလန်း
ဝက်ဖို့ဒ် ၁-၃ အာဆင်နယ်
ဟားလ်စီးတီး ၀-၁ မန်ယူ
ဝက်စ်ဘရွန်း ၀-၀ မစ်ဒယ်ဘရော့
မန်စီးတီး ၃-၁ ၀က်စ်ဟမ်း
Comments