6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၉၊ ၂၀၁၆
M-Media

zika

– နိုင်ငံအတွင်း ဇီကာဗိုင်းရပ်စ် ကူးစက်ပြန့်နှံမှုမှာ ၄၁ ခုရှိခဲ့သည်ဟု စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန MOH က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ကြေငြာခဲ့သည်။

MOH နှင့် အမျိုးသား သဘာဝပတ်ဝန်းကျင်အေဂျင်စီ NEA တို့က ထိုသတင်းစာရှင်းလင်ပွဲကို ပူးတွဲပြုလုပ်ခြင်းဖြစ်ပြီး ကူးစက်မှုအားလုံးမှာ Aljunied Crescent သို့မဟုတ် Sims Drive ရပ်ကွက်များတွင် အလုပ်လုပ်သူများနှင့် နေုထိုင်သူများဖြစ်ကြသည်ဟု ဆိုသည်။ ၎င်းတို့မှာ မကြာသေးမီကာလအတွင်း ဇီကာဗိုင်းရပ်စ်ပိုးပြန့်နှံရာ ဒေသများသို့ သွားရောက်ခဲ့ခြင်း မရှိသောကြောင့် စင်ကာပူတွင်ပင် ကူးစက်ခြင်းဖြစ်မည်ဟု ယူဆခဲ့သည်။

“ဒီအချက်ကြောင့် Aljunied Crescent နဲ့ Sims Drive ရပ်ကွက်တွေအတွင်း ရောဂါဖြစ်ပွားမှုဟာ ဒေသအတွင်းမှာပဲ ကူးစက်ပြန့်နှံ့ပုံရပါတယ်” ဟု MOH မှ တာဝန်ရှိသူ ပရော်ဖက်ဆာ ဘင်ဂျမန် အွန်က ပြောကြားခဲ့သည်။

ကူးစက်ခံရသူများမှာ 60 Sims Drive ရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်လုပ်နေသည့် နိုင်ငံခြားအလုပ်သမား ၃၆ ဦး၊ အသက် ၂၁ နှစ်မှ ၆၅ နှစ်အရွယ် စင်ကာပူနိုင်ငံသား အမျိုးသား ၆ ဦးနှင့် အသက် ၄၇ နှစ်အရွယ် မလေးရှားနိုင်ငံသား အမျိုးသမီး ၁ ဦးတို့ဖြစ်သည်။

၎င်းတို့ထဲမှ ၃၄ ဦးမှာ လက်ရှိတွင် လုံးဝ ပြန်လည်သက်သာလာခဲ့ပြီး ရောဂါလက္ခဏာရှိနေသူနှင့် ကူးစက်နိုင်သည့် အလားအလာရှိသူ အခြား ၇ ဦးကိုမူ Tan Tock Seng ဆေးရုံတွင် ကုသမှုများ ပြုလုပ်ပေးနေသည်ဟု MOH က ထည့်သွင်းပြောကြားခဲ့သည်။

MHO ကမူ ရောဂါ ကူးစက်ပြန့်နှံ့မည်ကို စိုးရိမ်ရသည့် ဒေသများကို ကြေငြာခဲ့ပြီး ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

1. Khatib Camp
2. Sembawang Drive
3. Kranji Road
4. Joo Chiat Place
5. Senoko South Road
6. Toh Guan Road East
7. Lorong 101 Changi

Tags:

Leave a Reply