စက်တင်ဘာ ၃၊ ၂၀၁၆
M-Media
– အာရဗ်စော်ဘွားများပြည်ထောင်စု (UAE) အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ပရဟိတအဖွဲ့အစည်းဖြစ်ပြီး ဆေးဘက်ဆိုင်ရာ ပညာရေးနှင့် သုတေသနတို့မှတစ်ဆင့် လူ့အသက်များကို ကယ်တင်နေသည့် ‘အလ်-ဂျလီလာဖောင်ဒေးရှင်း’ သို့ မိုက်ခရို ဆော့ဖ်ကုမ္ပဏီက ဆော့ဖ်ဝဲ ကန်ဒေါ်လာတစ်သန်းဖိုး လှူဒါန်းခဲ့သည်ဟု သိရသည်။
ယခုတစ်ပတ်အတွင်း လှူဒါန်းခဲ့ခြင်းဖြစ်ပြီး လူသားချင်းစာနာမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များအတွက် အထောက်အကူဖြစ်စေရန် ဖြစ်သည်။
အဆိုပါအလှူငွေမှာ လူ့အဖွဲ့အစည်းနှင့် အသက်မွေးဝမ်းကြောင်းဘ၀များ တိုးတက်စေရေး ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသည့် အကျိုးအမြတ်မယူသောအဖွဲ့များအတွက် မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှ လှူဒါန်းမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။
အလ်-ဂျလီလာဖောင်ေးရှင်းမှာ ၎င်းတို့၏ IT လုပ်ငန်းနှင့်ပတ်သက်၍ နောက်ဆုံးပေါ် နည်းပညာများကို အသုံပြုချင်နေပြီး မိုက်ခရိုဆော့ဖ်ကလည်း ၎င်းတို့၏ စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
“နည်းပညာဆိုတာ တီထွင်ဖန်တီးမှုအတွက် အဓိကမောင်းနှင်အားပါပဲ။ အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ မိုက်ခရိုဆော့ဖ်ကုမ္ပဏီနဲ့ မိတ်ဖွဲ့ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ၀မ်းသာပျော်ရွှင်မိပါတယ်။ အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ မိုက်ခရိုဆော့ဖ်လို ကမ္ဘာ့ကုမ္ပဏီကြီးနဲ့ ပူးပေါင်းခွင့်ရလို့ ဂုဏ်ယူမိပါတယ်” ဟု အလ်-ဂျလီလာဖောင်ဒေးရှင်း၏ အမှုဆောင်ချုပ် အလ်-အိုလာမာက ပြောကြားခဲ့သည်။
မိုက်ခရိုဆော့ဖ်၏ ငွေကြေးလှူဒါန်းရေးအစီအစဉ်မှာ ကုမ္ပဏီတည်ထောင်ခဲ့သည့် ၁၉၉၈ ခုနှစ်မှစတင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း၌ ပရဟိတအဖွဲ့အစည်းများကို ကန်ဒေါ်လာ ၃.၉ ဘီလီယံတန်ဖိုးရှိ ဆော့ဖ်ဝဲများ ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။
Ref : IINA
Comments