စက်တင်ဘာ ၅၊ ၂၀၁၆
M-Media
– ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက တရားမ၀င်အခြေချအိမ်ယာများ ဆောက်လုပ်ခြင်းကို ချက်ခြင်း အရေးယူမှုများ ပြုလုပ်ပေးရန်အတွက် ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက လုံခြုံရေးကောင်စီအား တိုက်တွန်းလိုက်သည်ဟု သိရသည်။
ထိုကဲ့သို့ အိမ်ယာဆောက်လုပ်မှု လုပ်ရပ်များအပါအ၀င် အစ္စရေး၏ ဥပဒေချိုးဖောက်သည့် ထိုလုပ်ရပ်များကို ၀န်ကြီးဌာနက “ပါလက်စတိုင်းမြေအား အစ္စရေးက ခိုးယူနေခြင်းနှင့် ဂျူးဇာတ်သွင်းလုပ်ရပ်များ”ဟု ရည်ညွှန်းပြောဆိုခဲ့ပြီး ထိုကိစ္စများအတွက် သတင်းအချက်အလက်များ ရယူနိုင်ရေး ကိုယ်စားလှယ်အဖွဲ့တစ်ခု စေလွှတ်ပေးရန်လည်း တိုက်တွန်းခဲ့သည်။
အစ္စရေးက ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င်အိမ်ယာများ ဆောက်လုပ်နေမှုကို အမေရိကန်၊ ရုရှား၊ ဥရောပသမဂ္ဂနှင့် ကုလတို့ ပါဝင်သည့် အရှေ့အလယ်ပိုင်း လေးပွင့်ဆိုင်အဖွဲ့အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကန့်ကွက်နေသော်လည်း အစ္စရေးက ရပ်တန့်ခြင်းမရှိပဲ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း နောက်ထပ် တရားမ၀င်အိမ်ယာများ ဆောက်လုပ်ရန်အတွက် အတည်ပြုမှုများကို အစ္စရေးအစိုးရက ပြုလုပ်ခဲ့သည်။
လက်ရှိတွင် ပါလက်စတိုင်းပိုင်နက်များအတွက် ဆောက်လုပ်ထားသည့် အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် နေထိုင်သူ အရေအတွက်မှာ သန်းဝက်ကျော်ရှိနေပြီး ထိုကိစ္စက နှစ်နိုင်ငံတည်ရှိရေးအဖြေအတွက် ကြီးမားသော အတားအဆီး ဖြစ်နေသည်။
Ref : IINA
Comments