ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကျပ်အတည်းများကြောင် ချမ်းသာသောနိုင်ငံများသို့ ၀င်ရောက်အခြေချ နေထိုင် သူလုပ်သားအရေအတွက် သိသိသာသာ ကျဆင်းခဲ့ကြောင်း BBCသတင်းတစ်ရပ်တွင်ဖေါ်ပြထားပါသည်။ ဖွံဖြိုးပြီးနိုင်ငံများ၏ စီးပွားရေးကျဆင်းလာမှုသည် ဆင်းရဲသော နိုင်ငံများမှ ရွှေ့ပြောင်း အခြေချနေထိုင် မှုကို ထိခိုက်ခဲ့သည်။ ယင်းသို့လုပ်သားများ ၀င်ရောက်မှုနှုန်းကျဆင်းခဲ့သော်လည်း ၄င်းနိုင်ငံများရှိ အလုပ်သမား များက မိခင်နိုင်ငံများ သို့ ပုံမှန် လုပ်ခ ငွေလွဲပြောင်းပေးနိုင်ခဲ့သည်ဟု သိရသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ခန်မှစပြီး ချမ်းသာသောနိုင်ငံများသို့ ရွေ့ပြောင်းနေထိုင်မှုနှုန်းမှာ မြင့်မားလာခဲ့ပြီး ၁၉၈၀နှင့် ၂၀၁၀ ခုနှစ် အတွင်း ဖွံဖြိုးပြီးနိုင်ငံများ၏ လူဦးရေ ၅%မှ ၁၀% အထိ ရောက်ရှိခဲ့သည်။ ၀ါရှင်တန်အခြေစိုက် ရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာလေ့လာရေးသိပ္ပံက ယင်းရွေ့ပြောင်းအခြေချနေထိုင်သူများ၏ မွေးဖွားနှုန်းသည်လည်း စီးပွားရေး ကျဆင်းနေစဉ်အတောတွင်း ကျဆင်းခဲ့ကြောင်း ပြောဆိုခဲ့သည်။ ကမ္ဘာစီးပွားရေး ကျဆင်းနေမှု ကြောင့် အသိသာဆုံးထိခိုက်ခဲ့သော ဆောက်လုပ်ရေးလုပ်ငန်း သည်အသိသာဆုံးထိခိုက်ခဲ့ကြောင်း ၊ ပြည်ဝင် ခွင့်တင်းကျပ်မှု ၊ပြည်တွင်း မှဆန်ကျင်မှုများကြောင့် လည်း ရွှေ့ပြောင်းနေထိုင်မှုကျဆင်းလာခဲ့ကြောင်း ထောက်ပြခဲ့သည်။ BBC
Comments