News @ M-Media

မန်စီးတီး ပိုကောင်းလာမည်ဟု ဂွါဒီယိုလာ သတိပေး

အောက်တိုဘာ ၁၊ ၂၀၁၆
M-Media

gurdi

– မိမိ၏ မန်စီးတီးအသင်းမှာ ယခုထက်ပို၍ ကောင်းလာမည်ဟု နည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ် ပြိုင်ဘက်များကို သတိပေးလိုက်ပြီး အသင်းတွင် လက်ရှိသက်တမ်းထက် ပိုနေရန် ဆန္ဒရှိနေသည်ဟုလည်း ဆိုသည်။

ဂွါဒီယိုလာ ရောက်ရှိလာပြီးနောက်ပိုင်းတွင် မန်စီးတီးအသင်းမှာ တစ်ရှိန်ထိုး တက်လာခဲ့ပြီး ခါးသီးသော မြို့ခံပြိုင်ဘက် မန်ယူအပါအ၀င် ကစားပြီးခဲ့သည့် ပရီးမီးယားလိဂ် ၆ ပွဲစလုံးကို ရာနှုန်းပြည် အနိုင်ရရှိထားသည်။

၎င်းကမူ ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်အသင်းများကို ၎င်းကိုင်တွယ်သည့်အခါတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေကို ထောက်ပြကာ မန်စီးတီးအသင်းမှာလည်း ပို၍ ကောင်းမွန်လာမည်ဟု ဆိုသည်။

“ကျွန်တော့်ရဲ့ တတိယနှစ်မှာ အသင်းရဲ့ကစားပုံဟာ ဒီထက် အများကြီး၊ အများကြီး ပိုကောင်းလာမယ်လို့ ယုံကြည်ပါတယ်။ အခု ကျွန်တော်တို့ဟာ စိတ်အားထက်သန်မှုကြောင့် ပွဲတော်တော်များများကို အနိုင်ရခဲ့တယ်။ နည်းပြသစ်တစ်ယောက်အနေနဲ့ ဒီလို ပွဲတော်တော်များများကို နိုင်ဖူးပါတယ်။ ဒါပေမယ့် တည်ငြိမ်ဖို့၊ လမ်းမချော်ဖို့၊ အခွင့်အရေးတွေ ပိုရဖို့ဆိုရင်တော့ အချိန်လိုပါတယ်။ ကျွန်တော် ဘာစီလိုနာနဲ့ ပထမနှစ်မှာ ဖလားအားလုံးရခဲ့တယ်။ ဒါပေမယ့် စတုတ္ထနှစ်ရောက်တဲ့အခါမှာ အသင်းက ပိုကောင်းလာပါတယ်။ ဘိုင်ယန်က တတိယနှစ်မှာလည်း ပထမနှစ်ထက် ပိုကောင်းလာတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး” ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

Ref: Goal

Comments

Leave a Reply