တရုတ် လူ့အခွင့်အရေးလှုပ်ရှားသူ Liu Xiaobo အား ၂၀၁၀ အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြင့် ခဲ့သည့်အပေါ် တရုတ်အစိုးမှ ဒေါသထွက်လျက်ရှိနေသည်။ တရုတ်လူမျိုးတို့ရင်ဆိုင်နေရသော ပြဿနာများကိုဖြေရှင်းပေးနိုင်ခဲ့သော တရုတ်ထူခွန်သူများကို နိုဘယ် ဆု တွင် အမည်စာရင်းမတင်ပြခဲ့သော အကြောင်းအရင်းကို တရုတ်နိုင်ငံခြားရေး ၀န်ကြီး Fu ying က မေးခွန်းထုတ် လိုက်ပါသည်။ …နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက အမြဲလိုလို တရုတ်ပြည်နဲ့တစ်သားတည်မကျတဲ့ သူတွေကို အမည်စာရင်းတင်သွင်းနေတာပါ..နိုဘယ်ဆုရှင်အဖြစ် အရွေးချယ်ရဖို့ဆိုရင် တရုတ်ပြည်ကို ဆန့်ကျင်တဲ့ တစ်စုံတစ်ခုလုပ်ပြရပါမယ် ..ဟု ၁၉၈၉ နှင့် ၂၀၁၀ ခုနှစ် များ တွင် နိုဘယ်ဆု ချီးမြင့်ခံရသော ဒလိုင်းလားမား၊ Liu Xiaobo တို့အား သွယ်ဝိုက် ပြောကြားခဲ့သည်။ တရုတ်ပြည်ကို ခုနှစ်ပိုင်း နိုင်တဲ့သူတွေက နိုဘယ်ဆု ရရှိနေကြောင်းလည်း ၄င်းက ထပ်လောင်း ဝေဖန်ခဲ့ပါသည်။ တရုတ်ပြည်သူ ၁.၃ ဘီလီယံ၏ ဆင်းရဲမွဲတေ မှုလျော့ချရေး ၊စားဝတ်နေရေး အတွက် ကြိုးပမ်းခဲ့သည့် တရုတ်ပြည်၏ သူရဲကောင်းများ သာ ယင်းနိုဘယ်ဆုရသင့်ကြောင်း မျိုးစပ်စပါး ဖခင်ဟု လူသိများသူ စိုက်ပျိုးရေးပညာရှင် Yuan Longping အား ရည်ညွန်းပြောဆိုခဲ့သည်။ …ဒါပေမဲ့ ဒါဟာ အရမ်းအယုံလွယ်နေတဲ့အတေွးကိုဆိုတာ သိခဲ့ရတယ် … ဟု ၄င်းက သုံးသပ်ခဲ့သည်။ ငြိမ်းချမ်းရေးမှာ တရုတ်အယူအဆအရ ထမင်းနဲ့ ပါးစပ် ပေါင်းစပ်ထားခြင်းဖြစ်ကြောင်း ၊ ပြည်သူများအား ဗိုက်ပြည့်အောင် စီမံပေးနိုင်ပါက ကမ္ဘာတွင်ငြိမ်းချမ်း ရရှိနေမည်ဟု တရုတ် တို့၏ သမိုင်းတလျှောက်လုံးတွင် ယုံကြည် လက် ခံ ခဲ့ကြောင်း တရုတ်ဖွင့်ဆိုသော ငြိမ်ချမ်းရေး အယူအဆကိုတင်ပြခဲ့သည်။ Al arabiya
Comments