6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၄၊ ၂၀၁၆
M-Media

haji-ali

– အိန္ဒိယနိုင်ငံရှိ နာမည်ကြီး ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ ဗလီရှိ သူတော်စဉ်တစ်ဦး၏ ဂူဗိမာန်နားသို့ အမျိုးသမီးများ ၀င်ရောက်ခွင့် တားမြစ်ထားမှုကို ပယ်ဖျက်ပေးရန် သဘောတူညီခဲ့သည်ဟု သိရသည်။

မွမ်ဘိုင်းရှိ ဟာဂျီအလီ ဒရ်ဂါဗလီဝတ်ကျောင်းတော် ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက သူတော်စဉ်ကြီး၏ ဂူဗိမာန်အခန်းအတွင်းသို့ အမျိုးသမီးများ ၀င်ရောက်ခွင့်ကို ကန့်သတ်ခဲ့ကာ ထို့သို့လာရောက်မှုမှာ အပြစ်ဖြစ်သည်ဟု ဂေါပကအဖွဲ့က ပြောကြားခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် မွတ်စလင်အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူများက ထိုကန့်သတ်မှုကို ပယ်ဖျက်ပေးရန် တရားရုံးတွင် လျှောက်ထားခဲ့ကြပြီး သြဂုတ်လတွင် တရားရုံးက ထိုသို့ ကန့်သတ်ထားမှုမှာ အခြေခံဥပဒေရှိ တန်းတူညီမျှ အခွင့်အရေးကို ချိုးဖောက်မှုဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။

ဗလီဂေါပကအဖွဲ့ကမူ တရားရုံးချုပ်သို့ အယူခံဝင်ခဲ့ပြီး ယနေ့တွင် ထိုကန့်သတ်မှုကို ဖျက်သိမ်းပေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူတော်စဉ်ကြီး၏ ဂူဗိမာန်အတွင်းသို့ အမျိုးသမီးများ ၀င်ရောက်နိုင်ရေး သီးသန့်ဝင်ပေါက်တစ်ခုကို ပြုလုပ်ရန် ရက်သတ္တပတ်အနည်းငယ် ကြာမြင့်မည်ဟု ပြောကြားခဲ့သည်။

မွတ်စလင်အမျိုးသမီး လူ့အခွင့်အရေးအဖွဲ့များကမူ ထိုဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး ကျား၊ မ ခွဲခြားကန့်သတ်မှုများ ရှိနေသည့် ၀တ်ပြုရာနေရာများအား ဖိအားပေးနိုင်မည့် အောင်မြင်မှုတစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“အစ္စလာမ်သာသနာဟာ တန်းတူညီမျှဖြစ်မှု၊ ဒီမိုကရေစီနဲ့ အမျိုးသမီးအခွင့်အရေးတွေ ပေးထားတဲ့ သာသနာဖြစ်တယ်ဆိုတဲ့ ကျွန်မတို့ယုံကြည်ထားတဲ့ အစ္စလာမ့်တန်ဖိုးတွေကို ပြန်လည်ရရှိလိုက်တာဖြစ်ပါတယ်” ဟု အိန္ဒိယရှိ မွတ်စလင်အမျိုးသမီအခွင့်အရေးအတွက် လှုပ်ရှားနေသည့် Bharatiya Muslim Mahila Andolan အဖွဲ့ကို ပူးတွဲတည်ထောင်သည့် နူရ်ဂျဟန်း နီယက်ဇ်က ပြောကြားခဲ့သည်။

နီယက်ဇ်မှာ ဟာဂျီအလီ ဒရ်ဂါဗလီ ဂေါပကအဖွဲ့ကို တရားစွဲဆိုရန် လက်မှတ်ရေးထိုးခဲ့သူများတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် လူမျိုးရေး ဓလေ့ထုံးတမ်းများကြောင့် အမျိုးသမီးများကို ဘာသာရေး အထွဋ်အမြတ်ထားရာ နေရာများသို့ ၀င်ရောက်ခွင့်မပြုသည့် အခြေအနေများ ရှိနေပြီး ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာဝင် အမျိုးသမီးများမှာ ဘုရားကျောင်းများ၊ ဗလီဝတ်ကျောင်းတော်များအား ၀င်ရောက်ခွင့်ရရေးအတွက် လှုပ်ရှားမှုများကို ယခုနောက်ပိုင်းတွင် တိုးမြှင့်လုပ်ဆောင်လာကြသည်။

ဇန်န၀ါရီလကလည်း မဟာရက်ရှ်ထရာပြည်နယ်ရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုသို့ ၀င်ရောက်ခွင့်ရရေးအတွက် အမျိုးသမီးရာပေါင်းမျာစွာမှာ ချီတက်ဆန္ဒပြခဲ့ကြပြီ၊ ထိုတားမြစ်ချက်ကို ပယ်ဖျက်ရေး မွမ်ဘိုင်း တရားရုံးသို့ ရောက်ရှိသည်အထိ ဖြစ်ခဲ့သည်။

ဟာဂျီအလီ ဒရ်ဂါ ဗလီဝတ်ကျာင်းတော်မှာ မွန်ဘိုင်းမြို့၏ အထင်ကရ အမှတ်အသားများထဲမှ တစ်ခုလည်းဖြစ်ပြီး မွတ်စလင်များသာမကဘဲ ဟိန္ဒူဘာသာဝင်များ၊ ကမ္ဘာလှည့်ခရီးသွားများ တစ်ပတ်လျှင် သောင်းနှင့်ချီ လာရောက်လည်ပတ်ကြသည်။

အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ဥစ္စာပစ္စည်းများကို စွန့်လွှတ်၍ မက္ကာဟ်သို့ ဟဂ်ျပြုရန် သွားရောက်သည့် မွတ်စလင်သူကြွယ်တစ်ဦးကို အမှတ်ရသည့်အနေဖြင့် ၁၅ ရာစုတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

Ref: Aljazeera

Comments are closed.