အောက်တိုဘာ ၂၆ ၊ ၂၀၁၆
M-Media
သီဟ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် နော်ဝေနိုင်ငံ ၀န်ကြီးချုပ်ဟောင်းနှင့် Oslo Center for Peace and Human Rights ဥက္ကဋ္ဌ Mr.Kjell Magne Bondevik ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့သည်။
နော်ေ၀၀န်ကြီးချုပ်ဟောင်းနှင့် Oslo Center for Peace and Human Rights ၏ ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေမှု ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့် မြန်မာနိုင်ငံနှင့် နော်ဝေနိုင်ငံတို့ အကြား ပူးပေါင်းဆောင်ရွက်နိုင်သော ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးကြကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ သတင်းထုတ်ပြန်ပါသည်။
Comments