6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၃၁၊ ၂၀၁၆
M-Media

lebnon

– လက်ဘနွန်နိုင်ငံ၏ စစ်တပ်အကြီးအကဲဟောင်း မီချဲလ် အိုအန်မှာ နိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂ နှစ်ကျော်လကြာ လစ်လပ်နေသည့် သမ္မတနေရာအတွက် လိပ်ခဲတည်းလည်း ဖြစ်နေမှုမှာ အဆုံးသတ်သွားပြီဖြစ်သည်။

အသက် ၈၁ နှစ်အရွယ်ရှိ အိုအန်ကို လွှတ်တော်က ယနေ့တွင် မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံးလိုအပ်သည့် မဲအရေအတွက် ၆၅ ရာခိုင်နှုန်းကို ကျော်လွန်ကာ မဲရရှိခဲ့သည်။ အဆိုပါ မဲပေးရွေးချယ်မှုကို ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့သည်။

လွှတ်တော်အမတ်လည်းဖြစ်သူ အိုအန်အား သမ္မတအဖြစ် ရွေးချယ်ခဲ့ပြီးနောက် မြို့တော်ဘေရွတ်တွင် မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ဂုဏ်ပြုခဲ့ကြသည်။

အစ္စလာမ်ဘာသာဝင်အများစုရှိရာ လက်ဘနွန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရာထူးကို လူနည်းစု ခရစ်ယာန်မျိုးနွယ်ဖြစ်သော မာရိုနိုက်မျိုးနွယ်မှ ရွေးချယ်ခန့်အပ်ရခြင်းဖြစ်ပြီး နိုင်ငံအတွင်း အာဏာခွဲဝေမှု ပြယုဂ်လည်းဖြစ်သည်။

သမ္မတဟောင်း မီချဲလ် ဆူလေမန် ၂၀၁၄ ခုနှစ် မေလ သမ္မတသက်တမ်းကုန်ဆုံးချိန်ကတည်းကစ၍ လက်ဘနွန်တွင် သမ္မတနေရာ လစ်လပ်ခဲ့ခြင်းဖြစ်ပြီး ၂၉ လ ကြာမြင့်ခဲ့ပြီးနောက်မှ ခန့်အပ်နိုင်ခဲ့သည်။ သမ္မတရာထူးအား ခန့်အပ်ရန်အတွက် လွှတ်တော်တွင် ၄၅ ကြိမ်တိုင်တိုင် ဆွေးနွေးမှုပြုလုပ်ခဲ့သော်လည်း သဘောတူညီချက် မရခဲ့ပေ။

Ref: Aljazeera

Tags:

Comments are closed.