နိုဝင်ဘာ ၁၃၊ ၂၀၁၆
M-Media
– ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် အာရပ်နွေဦးတော်လှန်ရေး၏ နောက်ဆက်တွဲ အစိုးရများ ပြောင်းလဲခြင်း၊ ပဋိပက္ခများ ဆက်တိုက်ဖြစ်ခြင်း၊ ရေနံဈေးနှုန်းကျခြင်းတို့ကြောင့် ဒေသအတွင်း ကန်ဒေါ်လာ ၆၁၄ ဘီလီယံ ဆုံးရှုံးခဲ့သည်ဟု ကုလသမဂ္ဂ၏ အနောက်အာရှဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (ESCWA) က ပြောကြားလိုက်သည်။
တော်လှန်ရေးမဖြစ်ပွားခင်က ရှိနေသည့် တိုးတက်မှုကို အခြေခံကာ ESCWA က တွက်ချက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆုံးရှုံးမှု ပမာဏမှာ ပြီးခဲ့သည့်နှစ်ကအထိ ဂျီဒီပီ ၆ ရာခိုင်နှုန်းနှင့် ညီမျှသည်။ ထိုရလဒ်ကို ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့ကာ ကမ္ဘာစီးပွားရေးနှင့်ပတ်သက်၍ ESCWA ၏ ပထမဆုံးတွက်ချက် ထုတ်ပြန်မှုလည်း ဖြစ်သည်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာတွင် တူနီးရှားနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် အာဏာရှင်တော်လှန်ရေးမှစတင်၍ အာရပ်နွေဦးတော်လှန်ရေး ပေါ်ပေါက်လာခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ယီမင်၊ ဆီးရီးယားနှင့် လစ်ဗျားတို့မှ အာဏာရှင်များကိုလည်း ဖြုတ်ချနိုင်ခဲ့သည်။
၆ နှစ်တာကြာမြင့်နေပြီဖြစ်သည့် အာရပ်နွေဦးတော်လှန်ရေးတွင် ဆီးရီးယားတစ်နိုင်ငံတည်းမှာပါင် ဂျီဒီပီနှင့် စုစုပေါင်း ဆုံးရှုံးမှု ကန်ဒေါ်လာ ၂၅၉ ဘီလီယံရှိနေသည်။
Ref; Aljazeera
Comments