နိုဝင်ဘာ ၁၈၊ ၂၀၁၆
M-Media
– ဘဏ္ဍာရေးအရှုပ်အထွေးတစ်ခုနှင့် ရင်ဆိုင်နေရသည့် ၀န်ကြီးချုပ် နာဂျစ်ရာဇတ်အား နုတ်ထွက်ရန်တောင်းဆိုမည့် ဆန္ဒပြပွဲတစ်ခုကို မလေးရှားပြည်သူများက ယခုတစ်ပတ် စနေနေ့တွင် ပြုလုပ်ရန် စီစဉ်နေပြီး လူထောင်ပေါင်းများစွာ ပါဝင်မည်ဟု သိရသည်။
ရဲတပ်ဖွဲ့ကမူ အဆိုပါဆန္ဒပြမှုတွင် နာဂျစ်အား ဝေဖန်သူများအပါအ၀င် ဒီမိုကရေစီလိုလားသူ ၆၀၀၀၀ ခန့် ပါဝင်မည်ဟု ခန့်မှန်းထားသည်။ နာဂျစ်မှာ ၎င်းတည်ထောင်သည့် နိုင်ငံပိုင်လုပ်ငန်း (1MDB) နှင့်ပက်သက်သည့် ငွေကြေးအရှုပ်အရှင်းတစ်ခုကြောင့် ပြီးခဲ့သည့် လများအတွင်း ဝေဖန်မှုများကို အပြင်းအထန် ခံခဲ့ရသည်။
မလေးဘာသာစကားဖြင့် Bersih (သန့်ရှင်း) ဟု အမည်ရသည့် ဒီမိုကရေစီ လိုလားသူအုပ်စုက ဆန္ဒပြပွဲကို စီစဉ်ခြင်းဖြစ်ပြီး အစိုးရထောက်ခံရေးသမားများနှင့် ထိပ်တိုက်တွေ့နိုင်မည့် အခြေအနေအတွက် ရဲတပ်ဖွဲ့က တားမြစ်ခဲ့သော်လည်း လက်မခံခဲ့ပေ။
“မလေးရှားနိုင်ငံမှာ အသားထဲက လောက်ထွက်နေသူတစ်ချို့ရှိနေတာကြောင့် ကျွန်မတို့ လမ်းပေါ်ကို ထွက်ရပါလိမ့်မယ်။ ညံ့ဖျင်းတဲ့အစိုးရနဲ့ တာဝန်ခံမှု မရှိခြင်းကြောင့် 1MDB အဖွဲ့မှာ အကြီးစားလာဘ်စားမှုတွေ ဖြစ်လာတာပါပဲ။ ပြည်သူတွေမှာ ငြိမ်းချမ်စွာ စုဝေးခွင့်ရှိတယ်။ ခြစားမှုနဲ့ အာဏာအလွဲသုံးစားလုပ်မှု လုပ်တာတွေဟာ အသံတိတ်နေရမယ့်ကိစ္စ မဟုတ်တာကြောင့် ကျွန်မတို့ ဆန္ဒပြကြမှာပါ” ဟု Bersih အဖွဲ့ ဥက္ကဌ အမျိုးသမီး မာရီယာ ချင်က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ကမူ ဆန္ဒပြပွဲတွင် ပါဝင်သူများကို ဖမ်းဆီးမည်ဟု ပြောကြားခဲ့သည်။ ၀န်ကြီးချုပ် နာဂျစ်ကလည်း ရာထူးမှ နှုတ်ထွက်ရန် ဆော်သြမှုကို လက်မခံခဲ့ဘဲ မနက်ဖြန်ပြုလုပ်မည့် ဆန္ဒပြမှုတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလာနိုင်သည်ဟု သတိပေးထားသည်။
Ref : Presstv
Comments